Friday, May 7, 2010

တကယ်ချစ်ခဲ့တယ်ဆိုတာ......

ကို
အိမ်မက်ဆိုးနဲ့ တစ်ရေး နိုးလို့
သတိတရ တမ်းတလိုက်ချိန်မှာလဲ
အနားမှာ မရှိခဲ့ဘူးကို......
ကို
ကြုံရဓမ္မဒါ လောကမှ သောကဗျာပွေ တွေ့လာလေ
ရင်ခွင်မျှော်မှန်း တန်းလိုက်ချိန်မှာလဲ
အနားမှာမရှိခဲ့ဘူးကို.......
ကို
တိုက်ဆိုင်မှုတွေ ကြုံတွေလာတိုင်း
ကြမ္မာရဟက် တစ်ပတ်ပြန်လည်
လွမ်းဆွတ်မှုတွေနဲ့ သတိရမိတဲ့ အချိန်မှာလဲ
အနားမှာမရှိခဲ့ဘူးကို....
ကို
ဝန်းကျင်ဆိုးရဲ့ ထိုးနှက်မှုကြောင့် ခေါင်းမဖော်နိုင်ရှိနေချိန်မှာလဲ
အနားမှာမရှိခဲ့ဘူးကို....
* လိုအပ်ချိန်တိုင်း အနားမှာရှိမနေခဲ့တဲ့အတွက် တကယ်ချစ်ခဲ့တယ်ဆိုတာ.....

` ဖြူစင်တဲ့ အလွမ်း ´



အလွမ်းတွေ ထိန်းချုပ်မရတဲ့အခါ


မင်းကို တမ်းတရင်း.......ငါ့မျက်ဝန်းမှာ


မျက်ရည်တွေက....... ဖိတ်လျှံကျနေဆဲပဲ.....။



အလွမ်းတွေ ထိန်းချုပ်မရတဲ့အခါ


မင်းကို တမ်းတရင်း.......ငါ့ စာမျက်နှာမှာ


လွမ်းမိတဲ့အကြောင်းတွေက...... ကဗျာလေးတွေ ဖြစ်နေဆဲပဲ......။။



အလွမ်းတွေ ထိန်းချုပ်မရတဲ့အခါ


မင်းကို တမ်းတရင်း......ငါ့ နှလုံးသားမှာ


ဖြူစင်တဲ့အချစ်တွေက .......ထာဝစဉ် ရှင်သန်နေဆဲပဲလေ........။။။



အခုတော့လေ........


မင်းကို သတိရတိုင်း...ငါ့အနားမှာ..........


ဖြူစင်တဲ့အလွမ်းတွေက...... အဖော်ပြုနေကြလေရဲ့........။။။။



မင်းက ဥပေက္ခာပြုထားပေမယ့်……….


အဖြူရောင် နှင်းဆီတစ်ပွင့်ကတော့.....


မင်းအတွက် မွေးပျံ့ရင်း......တောင်းဆုခြွေနေဆဲပါ....


မင်းအနားမှာ...အလွမ်းတွေ... ဝေးပြီး.........


ပျော်ရွှင်ချမ်းမြေ့ခြင်းတွေသာ ထာဝရရှိနေပါစေ....။။။။။

Monday, May 3, 2010

ကိုလံဘီယာ နိုင်ငံမှ ရောင်စုံမြစ်

ကိုလံဘီယာ နိုင်ငံမှ ရောင်စုံမြစ်




ကောင်းကင်ဘုံသို့ သွားနေသော မြစ်တစ်စင်း ။ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့ စွတ်စိုတဲ့ ရာသီဥတုကြားမှာ ရေမျက်နှာပြင်ဟာ မှန်ကန်စွာ တည်ရှိနေပါတယ် ။ ဒါပေမယ့် ရာသီဥတု ကွာခြားချက်ကြောင့် မြစ်အတွင်းမှာ ရှိတဲ့ ရေညှိတွေ ပန်းပွင့်တွေ ဟာ ရောင်စုံပဲ ဖူးပွင့်လာကြပါတယ် ။ အမှတ်တမဲ့ကြည့်မယ်ဆိုရင် ရောင်စုံ မြစ်ကြီး တစ်စင်း စီးဆင်း နေတာနဲ့ ဆင်တူလှပါတယ် ။ အမှန်တကယ်ကတော့ မြစ်အတွင်းမှ ရေအောက်ကြမ်းပြင်မှ ရေညှိ တွေ ရေအောက်အပင်တွေက ရာသီဥတု အပူနဲ့အအေးကြားမှာ မျှတလွန်းတဲ့အတွက် ရောင်စုံဖူး ပွင့်လာပြီး မြစ်ကြီးကို အရောင်စုံ ထင်ဟပ်နေစေခြင်းပဲ ဖြစ်ပါတယ် ။