Friday, May 7, 2010

` ဖြူစင်တဲ့ အလွမ်း ´



အလွမ်းတွေ ထိန်းချုပ်မရတဲ့အခါ


မင်းကို တမ်းတရင်း.......ငါ့မျက်ဝန်းမှာ


မျက်ရည်တွေက....... ဖိတ်လျှံကျနေဆဲပဲ.....။



အလွမ်းတွေ ထိန်းချုပ်မရတဲ့အခါ


မင်းကို တမ်းတရင်း.......ငါ့ စာမျက်နှာမှာ


လွမ်းမိတဲ့အကြောင်းတွေက...... ကဗျာလေးတွေ ဖြစ်နေဆဲပဲ......။။



အလွမ်းတွေ ထိန်းချုပ်မရတဲ့အခါ


မင်းကို တမ်းတရင်း......ငါ့ နှလုံးသားမှာ


ဖြူစင်တဲ့အချစ်တွေက .......ထာဝစဉ် ရှင်သန်နေဆဲပဲလေ........။။။



အခုတော့လေ........


မင်းကို သတိရတိုင်း...ငါ့အနားမှာ..........


ဖြူစင်တဲ့အလွမ်းတွေက...... အဖော်ပြုနေကြလေရဲ့........။။။။



မင်းက ဥပေက္ခာပြုထားပေမယ့်……….


အဖြူရောင် နှင်းဆီတစ်ပွင့်ကတော့.....


မင်းအတွက် မွေးပျံ့ရင်း......တောင်းဆုခြွေနေဆဲပါ....


မင်းအနားမှာ...အလွမ်းတွေ... ဝေးပြီး.........


ပျော်ရွှင်ချမ်းမြေ့ခြင်းတွေသာ ထာဝရရှိနေပါစေ....။။။။။

No comments:

Post a Comment