Saturday, June 26, 2010
ကုန်းဘောင်ခေတ် လူမျောက်မိသားစုအကြောင်း သိကောင်းစရာ
ကုန်းဘောင်ခေတ် လူမျောက် အကြောင်းကို ဖတ်ဖူးခဲ့တာ ကြာပါပြီ။ လူထုဒေါ်အမာ ရေးတာရော၊ ဒဂုန်ခင်ခင်လေး ရေးတာရော၊ ဦးစိန်မောင်ဦး ရေးတာရော၊ မြကေတု ရေးတာရော၊
မောင်သန်းဆွေ(ထားဝယ်) ရေးတာရော မှတ်မိနေပာတယ်။ ဒဂုန်ခင်ခင်လေးက စာဆိုတော်
ဝတ္ထုကြီးထဲမှာ၊ လူထုဒေါ်အမာက ဈေးကောက်လူမျောက် ဆောင်းပါး၊ ဦးစိန်မောင်ဦးက
လူမျောက်မိသားစုနှင့် သိပံပညာ အမြင်၊ မြကေတုက လူမျောက် မောင်ရွှေမောင်နှင့်
သမီးမယ်ဖုံ၊ မောင်သန်းဆွေက ကုန်းဘောင်ခေတ်က လူမျောက်ရှင်းတမ်း စတဲ့
နာမည်တွေနဲ့
ဖြစ်ပ်တယ်။
လူထုဒေါ်အမာကတော့ ရေးထားတာကတော့ ထုံးစံအတိုင်း တော်တော့်ကို တိတိကျကျ
ပြည့်ပြည့်စုံစုံ ရှိလှပါတယ်။ သူတို့ရဲ့ ပုံသဏ္ဍန် အချက်အလက်တွေ အားလုံးကို
စုံစုံစေ့စေ့ သိရပါတယ်။ ဒါပေမယ့် အဲဒီလူမျောက်တွေ နိုင်ငံခြားရောက်တဲ့
နောက်ပိုင်း
ကိစ္စတွေတော့ မပာုတ်ပါဘူး။ မြကေတု ရေးထားတာကလည်း အင်္ဂလိပ်မှတ်တမ်းများနဲ့
နန်းတွင်း
ပုရပိုဒ်ဖြူကို အဓိကထားပြီး ရေးထားတာပါ။ ဦးစိန်မောင်ဦးကတော့ သူတို့ဟာ
တကယ်တော့
မျောက်တစ်ဝက် လူတစ်ဝက် မဟုတ်ဘဲ မျိုးဗီဇ ပြောင်းလဲမှုကြောင့် အမွှေးအမျှင်တွေ
ရှည်ထွက်လာပြီး ဒီလိုဖြစ်တာကြောင့် လူမျောက်လို့ မခေါ်ဘဲ မွေးရှည်လူသားလို့
ခေါ်ဖို့ကို တိုက်တွန်းထားတာပါ။ အားလုံးထဲမှာ အစုံလင်ဆုံးက လူထုဒေါ်အမာရဲ့
ဈေးကောက်
လူမျောက် ဆောင်းပါးလို့ ပြောလို့ ရပါတယ်။
ဆရာ မောင်သန်းဆွေ(ထားဝယ်)က လူမျောက် ရှင်းတမ်းလို့ ရေးထားပေမယ့် တကယ်ကတော့
သူရိယ
ရုပ်စုံသတင်းစာ အဟောင်း တစ်ခုထဲက အဲဒီအကြောင်းကို ပြန်ဖော်ထုတ် ထားတဲ့
သဘောပါပဲ။
သူရိယကို အဲဒီသတင်း ရေးပို့သူက အဲဒီ လူမျောက်မိသားစု နဲ့ ဆွေးမျိုးနီးစပ်
တော်စပ်တဲ့
ပင်စင် အငြိမ်းစား ဌာနအုပ် ဦးလှကြီး ဆိုသူရဲ့ မှတ်တမ်းကို ဦးနရိနာဒ
ကိုယ်တော်က
ရေးသား ပေးပို့ခဲ့တာလို့ သိရပါတယ်။ ထူးခြားချက်က လူမျောက် ဖြစ်လာရတဲ့
အကြောင်းပါ။
ဒဏ္ဍာရီ သိပ်ဆန်လွန်းအား ကြီးပါတယ်။ လူတိုင်းသိတဲ့ လောနိုင်ငံသား လူမျောက်
ဦးရွှေမောင်
မဟုတ်ဘဲ ဗမာစစ်စစ် ဦးဘမောင် မဟာမြိုင်တောထဲ ရောက်ပြီး ရေအိုင်တစ်ခုထဲ
စိမ်မိရာက
အမွေးတွေပေါက်ပြီး မျောက်စိတ် ဖြစ်သွားတာမျိုးနဲ့ ဇာတ်လမ်းကို ဆင်ထားပါတယ်။
သူတို့ရဲ့ မျိုးဆက် နာမည်တွေကလည်း မတူကြတာကို တွေ့ရပါတယ်။
အထက်ကဟာတွေဟာ မြန်မာမှတ်တမ်းမှာဆို ကုန်သလောက်နီးနီးပါပဲ။ ဆောင်းပါးး
တစ်ခုနဲ့
တစ်ခုကလည်း မတူကြတာတွေ၊ လိုနေတာတွေ၊ ပိုနေတာတွေ ရှိပါတယ်။ ကျွန်တော်ကတော့
အဲဒီအချက်တွေ အားလုံးကို စုစည်းပြီး ပြည့်ပြည့်စုံစုံဖြစ်အောင်
နိုင်ငံခြားသားတွေရဲ့
ရေးသားချက်တွေကိုပါ ဖြည့်စွက် လေ့လာခဲ့ပါတယ်။ စရေးတဲ့ အချိန်
ပုံတွေစစုဆောင်းတဲ့
အချိန်ကစပြီး အခုရေးချိန်အထိ ၆လကျော်ရှာဖွေလေ့လာ ခဲ့ပါတယ်။ ဒီဆောင်းပါးးရဲ့
အောက်ခြေမှာ လေ့လာခဲ့တဲ့ စာအုပ်တွေ စာတမ်းတွေကို ဖော်ပြထားပါတယ်။
ပထမဆုံး လူမျောက်ဖြစ်တဲ့ ဦးရွှေမောင်ကို ၁၇၉၆ ခုနှစ်မှာ သံလွင်မြစ် (သို့) မုတ်တမြစ် ဘေးက လောနိုင်ငံ မိုင်းရုံးကြီးနယ်မှာ မွေးဖွားခဲ့တယ်။ (ပထဝီ အခြေအနေနဲ့
အခေါ်အဝေါ်အရ အဲဒီဒေသဟာ အခု ထိုင်းနိုင်ငံထဲက Mae Yong ပဲဖြစ်ဖို့ များပါတယ်)
အဲဒီဒေသကို အပိုင်စားတဲ့ စော်ဘွား တစ်ယောက်က ထူးထူးဆန်းဆန်း
အမွှေးအမျှင်တွေနဲ့ကလေးငယ်ကို
မြန်မာဘုရင်ထံ အထူးအဆန်း လက်ဆောင် ပဏ္ဍာအဖြစ်နဲ့ ဆက်သလိုက်တာမို့ သူ့အသက်
ငါးနှစ်သား
အရွယ်မှာ အင်းဝဘုရင် ထံကို ရောက်လာပါတယ်။ သူ့တစ်ကိုယ်လုံးမှာ
အမွှေးနုနုလေးတွေ
ရှည်လျားစွာ ပေါက်နေတယ်။ သူ့မျက်လုံး အသားအရေ ပုံစံ စတာတွေက
မြန်မာတွေနဲ့မတူဘူးလို့ဆိုပါတယ်။ (ဒီအဖြစ်အပျက်တွေကို ၁၈၂၆မှာ ပထမဆုံး
မှတ်တမ်းတင်နိုင်ခဲ့တဲ့
အင်္ဂလိပ် သံအဖွဲ့က ကရောဖို့(ဒ်) မှတ်တမ်းကို လူထုဒေါ်အမာ ဆောင်းပါးထဲမှာ
ဖတ်နိုင်ပါတယ်)
ရွှေမောင်ဟာ အဲဒီကတည်းက နန်းတွင်းမှာ ပျော်တော်ဆက်အဖြစ်နဲ့
ကြီးပြင်းလာခဲ့တယ်။
မျောက်တွေလို ကပြ ဖျော်ဖြေရပါသတဲ့။ သူ့မိဘတွေမှာရော သူတို့
မျိုးနွယ်စုထဲမှာပါ
သူ့လို အမွှေးအမျှင်တွေ မရှိဘူးလို့ သူက ပြောပါတယ်။ လူပျိုအဖြစ်ကို အသက်၂၀
အရွယ်မှ
ရောက်ပါတယ်တဲ့။ အသက် ၂၂ မှာတော့ ဘုရင်က (ဘကြီးတော်ဘုရား) သူ့ကို လှတဲ့
နန်းတွင်းသူ
တစ်ယောက်နဲ့ လက်ထပ်ပေးပါတယ်။ သူတို့ ကလေး လေးယောက်ရခဲ့တယ်။ အားလုံးက
မိန်းခလေးတွေချည်းပါပဲ။
နှစ်ယောက်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့ပြီး တတိယ သမီးလေးက
မိခင်ဖြစ်သူနဲ့ အတော့်ကို တူပါသတဲ့။ နောက်ဆုံး ၂နှစ်အရွယ် ကလေး
တစ်ယောက်ကတော့
သူ့လိုပဲ အမွှေးအမျှင်တွေနဲ့ ဖြစ်လာတယ်။ အဲဒီ အငယ်ဆုံး သမီးက ရွှေမောင်ရဲ့
အမွေကို
ဆက်ခံတဲ့ မဖုံး ဖြစ်ပါတယ်။ ကရောဖို့(ဒ်)ရဲ့ စာအုပ်ထဲမှာ ကိုရွှေမောင်နဲ့
သမီးမဖုံးရဲ့ပုံဆိုပြီး ဖော်ပြခဲ့ရာမှာ ကိုရွှေမောင်ရဲ့ပုံက ဟုတ်ပေမယ့်
မဖုံးရဲ့ပုံက မှားနေတယ်လို့ နောက်ပိုင်းမှာ ဟင်နရီနယူး(လ်)က
ထောက်ပြခဲ့ပါတယ်။
Crawfurd
အဲဒီနောက် ၁၈၅၅မှာ အင်းဝကို ကပါတ်တိန် ဟင်နရီယူး(လ်) ရောက်လာခဲ့ပါတယ်။ သူတို့ ရောက်လာချိန်မှာတော့ ကိုရွှေမောင့်သမီး မဖုံးဟာ အသက် ၃၁အရွယ် ရှိနေပါပြီ။
သူ့ကို အီတလီလူမျိုး တစ်ယောက်က လက်ထပ်ပြီး နိုင်ငံခြားကို
ခေါ်သွားဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် သီပေါမင်းက ခွင့်မပြုခဲ့ပါဘူး။
နောက်ဆုံးတော့ မဖုံးကို ဘုရင်ကပဲ သာမန်အရပ်သား တစ်ယောက်နဲ့
လက်ထပ်ပေးခဲ့တာလို့
ဆိုရပါမယ်။ ဟင်နရီယူး(လ်)တို့ လာရောက်ချိန်မှာ မဖုံးမှာ သားလေး
နှစ်ယောက်တောင်
ရနေပါပြီ။ ဦးရွှေမောင်ကတော့ လူဆိုးဓားပြတွေ
သတ်ဖြတ်လို့ကွယ်လွန်ပြီးခဲ့ပြီလို့သိရပါတယ်။
မဖုံးဟာလည်း သူ့အဖေ ဦးရွှေမောင်လိုပဲ တစ်ကိုယ်လုံးကို အမွှေရှည်တွေနဲ့
ဖုံးလို့နေပါတယ်။
မဖုံးကနေ သားသမီး သုံးယောက် မွေးဖွားခဲ့ပြီး အဲဒီအထဲက မောင်ဖိုးဆက်နဲ့ မမိ
တို့ဟာ
မဖုံးလိုပဲ တစ်ကိုယ်လုံးမှာ အမွှေးတွေနဲ့ ဖြစ်ပါတယ်။
(May 1, 1820 - December 30, 1889)
သူတို့မိသားစုဟာ သူတို့ကို အထူးအဆန်း လာကြည့်တဲ့ နိုင်ငံခြားသားတွေ ဆီကနေ အခကြေးငွေကို
ကောက်ခံပြီး
အသက်မွေး ဝမ်းကျောင်းမှု ပြုခဲ့တယ်။ သူတို့ဟာ ကြည့်ရှုသူ
တစ်ယောက်ချင်းစီကနေ
ရူပီးငွေလေးဆယ် ယူတယ်လို့ သိရပာတယ်။
နာမည်ကြီး ဖျော်ဖြေတင်ဆက်သူ တစ်ယောက်ဖြစ်တဲ့ ဘာနမ်ဟာ ၁၈၇၁ ခုနှစ် ကတည်းက
သူတို့ကို
အမေရိကန်ခေါ်ပြီး သူရဲ့ (Greatest Show On Earth) ဆိုတဲ့ ဆပ်ကပ်ပွဲကြီးမှ
ပြစားဖို့
ကြိုးစားခဲ့တယ်။ ဒါပေမယ့် ဘုရင်က ခွင့်မပြုခဲ့ဘူး။ ၁၈၈၅မှာတော့ သီပေါမင်း
နန်းကျပြီး နန်းတွင်းရေးတွေ ရှုပ်ထွေးနေတဲ့ အချိန်မှာ မဖုံးတို့ မိသားစုဟာ
နေပြည်တော်ကနေ တောတွင်းတစ်နေရာကို ထွက်ပြေးခဲ့ကြတယ်။ မောင်ဖိုးဆက်ဟာ မျက်စိ
မကောင်းတော့တဲ့ မိခင် မဖုံးကို ကျောမှာပိုးပြီး
ထွက်ပြေးခဲ့တယ်လို့ဆိုပါတယ်။
တောထဲမှာ သူတို့ ဒုက္ခ ရောက်နေစဉ်မှာပဲ သီပေါမင်းထံမှာ အမှုထမ်းခဲ့ဖူးတဲ့
အီတလီလူမျိုး အရာရှိ ကပတ်တိန် ပေပာနိုက (Captain Paperno) သူတို့ကို
ရှာတွေ့ပြီး
ကယ်တင်ခဲ့တယ်။ ပြီးတော့ သူတို့ကို ဥပရောကို ပို့ဖို့ စီစဉ်ခဲ့ပါတယ်။ ၁၈၈၆
ဇွန်လထဲမှာ
မမိ ကွယ်လွန်ခဲ့တယ်လို့ဆိုပါတယ်။ အသက် ၂၃နှစ် အရွယ်လောက်မှာ
ဖြစ်ပါလိမ့်မယ်။ ၁၈၈၆
နွေရာသီမှာတော့ သူတို့ကို လန်ဒန်မြို့ပီကာဒလီ လမ်းပေါ်က Egyptian Hall မှာ
ပြန်လည်
တွေ့မြင်ရပါတယ်။
၁၈၈၆ ခုနှစ် နွေရာသီမှာ မဖုံးနဲ့ မောင်ဖိုးဆက်တို့ အင်္ဂလန်ကို ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ မဖုံး အသက်က ၆၂ နှစ်လောက် ရှိနေပြီဖြစ်ပြီး မျက်စိလည်း
ကွယ်နေပါပြီ။ ဘာနမ်လည်း သူတို့ရှိရာ အင်္ဂလန်ကို လိုက်လာပါတယ်။ သူ့အကြံက
အမေရိကားမှာ စီစဉ်တင်ဆက်နေတဲ့ သူ့ရဲ့ ပွဲထဲမှာ မဖုံးတို့ သားအမိ
နှစ်ယောက်ကို
ပြသဖို့ပါပဲ။ ဒါပေမယ့် သူ့ထက်အရင် လာပြီး စည်းရုံးနေတဲ့ အခြားသော
ပွဲစီစဉ်နေသူတွေလည်း အဲဒီကို ကြိုရောက်နေတာကိုတွေ့ခဲ့ရတယ်။
နောက်ဆုံးမှာတော့
ဘာနမ်ဟာ အခြားသူတွေပေးတဲ့ဈေးထက် အများကြီးပိုပေးပြီး (ယခုခေတ် ဒေါ်လာ
၂.၃သန်းလောက်
ပေးရတယ်လို့ သိရပါတယ်) သူတို့မိသားစုကို ၁နှစ် စာချုပ်နဲ့ သူ့ဆီမှာ ပြသဖို့
သဘောတူညီချက် ရရှိခဲ့ပါတယ်။ မဖုံးနဲ့ သားဖြစ်သူ တို့ဟာ ၁၈၈၇ မှာ လန်ဒန်ကနေ
ပြင်သစ်နိုင်ငံက နာမည်ကျော် Folies Bergere ကိုလည်း ရောက်သွားခဲ့ပါသေးတယ်။
အဲဒီနောက်
သူတို့ဟာ ဘာနမ်နဲ့ သဘောတူညီချက်အရ အမေရိကန်က ဘာနမ်ရဲ့ ဆပ်ကပ်ပွဲတွေမှာ
လိုက်ပါ
ဖျော်ဖြေခဲ့ကြတယ်။
(July
5, 1810 – April 7, 1891)
စာချုပ်သက်တမ်း မကုန်ဆုံးမီကာလ ၁၈၈၈ ခုနှစ် ဖေဖော်ဝါရီလမှာတော့ မဖုံးဟာ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ ကွယ်လွန်ခဲ့တယ်။ ၁၈၅၅ ကပါတ်တိန် ဟနရီယူး(လ်) လာတုန်းက
သူမအသက်က ၃၁နှစ် ဆိုခဲ့တော့ ကွယ်လွန်ချိန်မှာ အသက်
၆၄နှစ်လို့ မှတ်ယူရပါတယ်။ သူ့ဈာပနကို ဝါရှင်တန်ဒီစီ သင်္ချုင်းမှာပဲ မြန်မာ
ထုံးတမ်းစဉ်လာ အတိုင်း သင်္ဂြန် ခဲ့တယ်လို့သိရပါတယ်။
မဖုံး
ကွယ်လွန် သွားပေမယ့် မောင်ဖိုးဆက်ဟာ သူ့မိန်းမနဲ့အတူ ဆက်ပြီး ပွဲတွေ
ပြသခဲ့တယ်လို့ ယူဆရပါတယ်။ သူ့မိန်းမဟာ တချိန်က နန်းတွင်းအပျိုတော် တစ်ဦး
ဖြစ်ပါတယ်။ မောင်ဖိုးဆက်ဟာ တစ်ကိုယ်လုံး အမွှေးတွေဖုံးနေပေမယ့် ခါးကနေစပြီး
ဒူးအထိ မင်ကြောင်အပြည့် ထိုးထားတယ် နူးညံ့သိမ်မွေ့ပြီး ဉာဏ်ရည်လည်း မနိမ့်ကျသလို
ဆက်ဆံရေး ကောင်းမွန်တယ်လို့ J.J. Weir ဆိုသူကလည်း မှတ်တမ်း တင်ခဲ့တယ်။
မောင်ဖိုးဆက် အကြောင်း နောက်ဆုံး နောက်ဆုံး တွေ့ရတာက ၁၈၉၄ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ World's Columbian Dental Congress, Volume 1
မှာပါ။ အဲဒီအထဲက ဆရာဝန်တစ်ယောက်ဟာ မောင်ဖိုးဆက်ကို ၁၈၉၁မှာ
တွေ့ဆုံခဲ့တယ်လို့
ဆိုပါတယ်။သူ့ရဲ့ သွားတွေကို စစ်ဆေးကြည့်ဖို့
ကြိုးစားပေမယ့် ပွဲစီစဉ်သူတွေက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ သူတို့ရဲ့ သတင်းတွေ ပျောက်ကွယ်သွားခဲ့တယ်။
ကွဲပြားချက်များ ထူးခြားချက်များ
ဂျွန်ကရောဖို့(ဒ်) နဲ့ ဟင်နရီယူး(လ်) ရဲ့ မှတ်တမ်းကို အထောက်အထားပြု
ရေးသားထားတဲ့
လူထုဒေါ်အမာရဲ့ ဈေးကောက် လူမျောက် ဆောင်းပါးနဲ့ မြကေတုရဲ့ ဆောင်းပါးတွေမှာ
ထူးခြားတာ မတွေ့ရပေမယ့် ဦးစိန်မောင်ဦးရဲ့ လူမျောက်မိသားစုနှင့်
သိပပံပညာအမြင်
ဆောင်းပါးမှာတော့ ထူးခြားတာ တွေ့ရပါတယ်။ ဦးစိန်မောင်ဦး ဆောင်းပါးမှာ
လောနိုင်ငံမှ
ရောက်လာတဲ့ လူမျောက်ကို ဦးရွှေမောင်လို့လက်ခံပါတယ်။ သူ့သမီး မယ်ဖုံးအထိ
ဟုတ်နေပေမယ့် မယ်ဖုံးကနေမွေးလာတဲ့ လူမျောက်ကလေးကိုလည်း ကိုရွှေမောင်လို့
နာမည်ပေးထား ပြန်ပါတယ်။ ပြီးတော့ မောင်ရွှေမောင်နောက်မှာ ရွှေမိနဲ့
ရွှေမြဆိုပြီး
သမီးနှစ်ယောက် ထပ်ရသေးတယ်လို့ ဆိုပါတယ်။ ရွှေမိဟာ မောင်ရွှေမောင်လိုပဲ
အမွှေးတွေနဲ့
ဖြစ်ပါသတဲ့။ ဒါကြောင့် မင်းတုန်းမင်းက သူတို့ မောင်နှမ နှစ်ယောက်ကို
မလွန်ဈေးရဲ့
ဈေးကောက်အဖြစ် စားစေတယ်လို့ ဆိုပါတယ်။ ဟင်နရီယူး(လ်)ရဲ့ မှတ်တမ်းအရဆိုရင်
သူနဲ့
တွေ့တဲ့အချိန်မှာ မဖုံးမှာ သားယောက်ျားလေး နှစ်ယောက် ရှိနေပါပြီ။
သားအကြီးဟာ ဘာမှ
မထူးခြားပေမယ့် သားအငယ်ကတော့ မဖုံးလိုပဲ ဖြစ်ပါတယ်။ အခြားသော မှတ်တမ်း
အစောင်စောင်မှာ မဖုံးသား မောင်ဖိုးဆက်(ဆယ်) လို့ တွေ့ရပေမယ့်
ဦးစိန်မောင်ဦးက
ကိုရွှေမောင်လို့ ရေးထားတာကတော့ ထူးဆန်းနေပါတယ်။ ဒဂုန်ခင်ခင်လေး
စာဆိုတော်ဝတ္ထုရေးသားရာမှာလည်း
အမှတ်မှားပြီး ကိုရွှေမောင်လို့ ရေးမိတယ် ထင်မိပါတယ်။ ဦးရွှေမောင်ဟာ
ဟင်နရီယူး(လ်)တို့ မလာခင် နှစ်များစွာကပဲ ဓားပြတွေ လက်ချက်နဲ့
ကွယ်လွန်ခဲ့ပြီးပါပြီ။
သူပြောတဲ့ သမီးနှစ်ယောက် ဆိုတာကလည်း ဟင်နရီယူး(လ်) မှတ်တမ်းနဲ့ဆို
မကိုက်ညီပြန်ပါဘူး။
မောင်သန်းဆွေ(ထားဝယ်)ရဲ့ လူမျောက်ရှင်းတမ်းကတော့ သူရိယ ရုပ်စုံသတင်းက
အကြောင်းအရာကို ပြန်ပြီး ဖော်ပြထားတာပါ။ သူ့ဇာတ်လမ်းက ပုံပြင်လို
ဖြစ်နေပေမယ့်
နာမည်တွေကတော့ အခြားသော မှတ်တမ်း အစောင်စောင်နဲ့ အတော်လေး ကိုက်ညီတာကို
တွေ့ရပါတယ်။ ဒါပေမယ့် သူ့ဆီမှာတော့ လူမျောက်အစဟာ ဦးရွှေမောင် မဟုတ်ဘဲ
ဦးဘိုးမောင်လို့
ဆိုပါတယ်။ ဦးဖိုးမောင်ရဲ့ ပထမ မိန်းမနာမည်က မမိန်းခလေး ဖြစ်ပါသတဲ့။
ဦးဘိုးမောင်
မျောက်ဖြစ်သွားတဲ့အခါ စကား မပြောတတ်တော့ဘူး ဆိုတာကတော့ ကရောဖို့ဒ်)ရဲ့
ကိုယ်တွေ့နဲ့လွဲပါတယ်။ မမိန်းခလေးဟာ ဦးဘိုးမောင် မျောက်ဖြစ်သွားပြီး
ပျောက်သွားတာကြောင့် သားနှစ်ယောက်ကို ခေါ်ပြီး ထွက်သွားလိုက်တာ ပြန်ရှာလို့
မရတော့ပါဘူးတဲ့။ ဒါနဲ့ ဘုရင်က ဦးဘိုးမောင်ကို ယူဝံ့တဲ့သူကို ဆုလာဘ်ထုတ်ပြီး
ရှာဖွေတဲ့အခါ မှန်နန်းအပျိုတော်ထဲက ငါးရွာစား မမကြီး ဆိုသူက လက်ခံတာကြောင့်
ပေးစားပါသတဲ့။ သူတို့ကနေ သားတစ်ယောက် သမီးတစ်ယောက် မွေးဖွားပါသတဲ့။
သမီးဖြစ်သူ
မပုံဟာ ဦးဘိုးမောင်လို အမွှေးတွေနဲ့လို့ ဆိုပါတယ်။ မပုံ အရွယ်ရောက်တော့
ဘုရင်က သူ့အဖေတုန်းကလိုပဲ
ဆုလာဘ်ထုတ်ပြီး မပုံကို ယူမယ့်သူကို ရှာစေတဲ့အခါ လူပျိုတော် မောင်မောင်လေး
ဆိုသူက လက်ခံလို့ မပုံနဲ့
ပေးစားပါတယ်။ မပုံကနေ ပထမသား ကိုကြယ်၊ ဒုတိယသား ကိုဆယ်၊ တတိယသမီး မယ်မိ
(သူရိယရုပ်စုံသတင်းမှာ
ပြထားတဲ့ ရုပ်ပုံမှာတော့ လူမျောက်မပုံနှင့် သမီးအထွေး လူမျောက်မလေး
မယ်အိတို့ပုံလို့ ပါပါတယ်၊ စာမှားရိုက်သလား မသိပါ) တို့ကို ဖွားမြင်ပါသတဲ့။
ကိုဆယ်နဲ့ မယ်မိတို့ဟာလည်း မပုံလိုပဲ အမွှေးတွေ ဖုံးလွှမ်းနေပါသတဲ့။
နောက်တော့
မယ်မိဟာ ဣနာဒါဒေဝ စောင်းဆရာကြီးရဲ့ညီ မောင်ဘိုးထူးနဲ့ သင့်မြတ်ပြီး
လူမျောက်မလေး
တစ်ယောက် မွေးဖွားပါသတဲ့။ ဒါပေမယ့် မီးတွင်းထဲမှာပဲ မယ်မိ ကွယ်လွန်တယ်
ဆိုပါတယ်။
မွေးလာတဲ့ လူမျောက်မလေးလည်း ၃လ အရွယ်မှာ ကွယ်လွန်ပါသတဲ့။ မပုံနဲ့
ကိုဆယ်တို့ကတော့ သီပေါမင်းလက်ထက် တိုင်အောင်
ဈေးကောက် ကောက်စား လာလိုက်တာ သီပေါမင်း ပါတောှ်မူတဲ့အထိ ဖြစ်တယ်လို့
ဖော်ပြထားပါတယ်။
Jan Bondeson ရေးတဲ့ The two-headed boy, and other medical marvels ဆိုတဲ့
စာအုပ်မှာတော့
ဘယ်စာအုပ်မှာမှ မပါသေးတဲ့ အရေးကြီးတဲ့အချက် တစ်ခုကို တွေ့ရပါတယ်။ သူတို့
ပြင်သစ်မှာ ရှိနေခိုက် ပြင်သစ်နိုင်ငံသား Anthropologist တစ်ယောက်ဖြစ်တဲ့
M.
Guyot-Daubes က သူတို့ရဲ့ တာဝန်ခံ Farini ကို လာတွေ့ပြီး အင်တာဗျူးတစ်ခု
လုပ်ခဲ့ပါတယ်။ အဲဒီမှာ မဖုံးရဲ့
ဖခင်ဖြစ်သူ ကိုရွှေမောင်ရဲ့ ဇာတ်လမ်းကို သိရပာတယ်။ တကယ်တော့
ကိုရွှေမောင်နဲ့
လက်ထပ်ခဲ့တဲ့ အမျိုးသမီးဟာ ဆွေကြီးမျိုးကြီးထဲက ဖြစ်ပါတယ်တဲ့။ မိဖုရားအပါး
ခစားရသူ
အဆင့်မြင့် နန်းတွင်းသူ တစ်ဦးလည်း ဖြစ်ပါသတဲ့။ ဘာသာရေးအဆုံးအမ တစ်ခုနဲ့
မကိုက်ညီတာကို ပြုမိတဲ့ အပြစ်ကြောင့် ဘုရင်က
တံကျင်လျှိုသတ်ဖို့ အမိန့်ချမှတ်ပြီးခါမှ
တလုတ်ကုန်းမှာ ကိုရွှေမောင်ကို လက်ထပ်မယ်ဆိုရင် အသက်ချမ်းသာပေးမယ်
ဆိုတာကြောင့်
လက်ထပ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒါဟာ ဖာရီနီက သူ့ရဲ့ ဇာတ်ကောင်တွေကို
ပိုပြီး
ထင်ရှားစေချင်လို့ ပိုပိုသာသာ ပြောတာလည်း
ဖြစ်နိုင်တယ်လို့ မှတ်ချက် တွေ့ ရပါတယ်။ ကိုရွှေမောင်ရဲ့ မိန်းမဟာ
ချောမောလှပတဲ့
မြန်မာအမျိုးသမီး တစ်ယောက် ဖြစ်တယ်လို့ ကရောဖို့(ဒ်)ရဲ့ မှတ်တမ်းမှာ
တွေ့ရပါတယ်။
မောင်ဖိုးဆက်ရဲ့ သမီးဖြစ်သူ မမိဟာ အသက် ၁၈ နှစ်အရွယ်မှာ
ကွယ်လွန်သွားတယ်လို့ ဘွန်ဒီဆန်ရဲ့
စာအုပ်ထဲမှာ ဆိုထားတယ်။ မမိ ဆိုတာကို မောင်ဖိုးဆက်ရဲ့ ညီမမဟုတ်ဘဲ
သမီးဖြစ်သူလို့
ဖော်ပြခဲ့တယ်။ ဒါပေမယ့် ၁၈၇၁ ခုနှစ်ထုတ် အိန္ဒိယနေ့စဉ်သတင်းစာ မှာတော့ အသက်
၄၅နှစ်အရွယ် အမျိုးသမီးကြီး ။အသက်၂၀ အရွယ် ယောက်ျား၊ ၁၁ နှစ် သမီးတစ်ယောက်
လို့
ပါရှိခဲ့တာမို့ မမယ်ဟာ မောင်ဖိုးဆက်အောက် ကိုးနှစ်ငယ်တဲ့ ညီမလို့
ယူဆရပါတယ်။
Buchanan's Journal of Man, February 1887 Volume 1, Number 1 ထဲမှာလည်း
မောင်ဖိုးဆက်မှာ သားသမီး မရှိဘူးလို့ ဆိုထားတာမို့ မမိဟာ မောင်ဖိုးဆက်ရဲ့
ညီမ ဖြစ်ဖို့ များတယ်လို့
ထင်မိပါတယ်။ အောက်က ဓာတ်ပုံအရ ဆိုရင်လည်း အမျိုးသမီးငယ်ဟာ မောင်ဖိုးဆက်ရဲ့
သမီး
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဒီပုံဟာ Martin Monestier ရဲ့ Human Oddities ဆိုတဲ့ စာအုပ်ထဲမှာ ပါတဲ့ပုံပါ။ ဒီပုံမှာ မဖုံးထိုင်နေတဲ့ ထိုင်ခုံဟာ တခြားပုံတွေမှာ
ထိုင်နေတဲ့ ထိုင်ခုံနဲ့ မတူပါဘူး။ ပြီးတော့ ပုံထဲက သားဖြစ်သူ
မောင်ဖိုးဆက်ဟာလည်း
တော်တော်ငယ်သေးတာကို တွေ့ရပါတယ်။ တချို့ကျတော့ အလယ်မှာ ရပ်နေတဲ့ လူဟာ
မဖုံးရဲ့
ယောက်ျား မောင်ဖိုးဆက်ရဲ့ အဖေ ဖြစ်လိမ့်မယ်လို့ တွက်ဆကြပါတယ်။
ပုံ(၈) Maphoon, Moung-Phoset and Mah-Me. The original Goss photograph
ပုံ(၈) ကတော့ ၁၈၇၅ မှာ ရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။ ၁၈၈၆ ဇွန်လထဲမှာ မမိ ဆုံးတယ်။
နိုင်ငံခြား သွားခါနီး
မြန်မာပြည်ထဲမှာပဲ ဆုံးတယ်လို့ သိရပါတယ်။ ဒီပုံဟာ မမိမကွယ်လွန်မီ
ရိုက်ကူးတဲ့ပုံ ဖြစ်တာမို့
အသက်ရှင်လျက်သား လူထူးဆန်း မိသားစု သုံးယောက်ကို တစ်စုတဝေးထဲ
တွေ့ရတာမို့ ထူးခြားတဲ့ပုံလို့
သတ်မှတ်ရပါမယ်။
အထက်က ပုံ(၉) ဟာလည်း ထူးခြားပါတယ်။ ဒီပုံအလယ်မှာ ရပ်နေတဲ့ နိုင်ငံခြားသားကို မောင်သန်းဆွေ(ထားဝယ်)က ဂျွန်ကရောဖို့(ဒ်)နှင့် ကိုရွှေမောင်
မယ်ဖုံတို့ မိသားစုလို့ နာမည် တပ်ထားပါတယ်။ ပုံ(၁၀)နဲ့
တိုက်ဆိုင်ကြည့်တဲ့အခါ
ရပ်နေတဲ့ နိုင်ငံခြားသားဟာ သူတို့ကို နိုင်ငံခြား ပို့ပေးခဲ့တဲ့
အီတလီအရာရှိ Captain
Paperno များ ဖြစ်မလားလို့ စဉ်းစားမိတယ်။ ဒါပေမယ့် ရုပ်သွင်က အီတလီထက်
အင်္ဂလိပ်လူမျိုးနဲ့ ပိုတူနေပါတယ်။ ဒါမှမဟုတ် သူတို့ ရဲ့ တာဝန်ခံအဖြစ်
ဆောင်ရွက်ခဲ့တဲ့ ကပတ်တိန် Farini များလားလို့ ထင်မိပါတယ်။ ဒီပုံမှာပါတဲ့
ယာဘက်
အစွန်ဆုံးက အမျိုးသမီးဟာ မောင်ဖိုးဆက်ရဲ့ မိန်းမ
နန်းတွင်းအပျိုတော်ဖြစ်ပါတယ်။
အောက်က ထိုင်နေတဲ့သူကတော့ မဖုံး မျက်စိမကောင်းတော့လို့ ဝတ်ကြီး ဝတ်ငယ်
ပြုစုဖို့
ခေါှ်ထားတဲ့သူ ဖြစ်ပါတယ်။ ဂျွန်ကရောဖို့ (ဒ်)ဟာ May 11, 1868 မှာ
ကွယ်လွန်ခဲ့တာမို့
ကွယ်လွန်ချိန်မှာ မဖုံးအသက် ၄၆နှစ်၊ မောင်ဖိုးဆက်အသက် ၁၅နှစ်လောက်သာ
ရှိနေဦးမှာပါ။
၁၅နှစ်မှာ မောင်ဖိုးဆက် အိမ်ထောင် မကျလောက်သေးပါဘူး။
Charles
Eisenmann cabinet card, 1887 (Mitchell).
ပုံ(၉) က မြန်မာပြည်က မထွက်ခွာခင် ရိုက်ထားတာလို့ ယူဆချင်စရာ ဖြစ်ပြီး ပုံ(၁၀) ကတော့ နိုင်ငံခြားရောက်မှ ရိုက်ထားတဲ့ပုံ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့
နောက်ပုံဟာ ၁၈၈၇ ခုနှစ်မှာ ရိုက်ထားတာ ဖြစ်ပြီး အဲဒီပုံမှာ တွေ့ရတဲ့
သူတို့ရဲ့
အဝတ်အစား၊ လက်ဝတ်တန်ဆာ စတာတွေကို ပထမပုံမှာ မတွေ့ရလို့ပါပဲ။ နောက်ပြီး
မောင်မျိုးဆက်ရဲ့ မိန်းမရော၊ မဖုံးရဲ့ အကူကောင်မလေးရော ပုံ(၁ဝ)လောက်
မဝသေးတာကို
တွေ့ရပါတယ်။
လူထုဒေါ်အမာရဲ့ စာအုပ်ထဲမှာ လူမျောက် မောင်နှမကို မလွန်မင်းသားကြီးက
မလွန်ဈေးကြီးရဲ့ ဈေးးကောက် ခန့်အပ်တယ်လို့
ပါဝင်ပါတယ်။ မောင်သန်းဆွေ(ထားဝယ်)ရဲ့ လူမျောက်ရှင်းတမ်းမှာလည်း မဖုံးမှာ
ကိုကြယ်၊
ကိုဆယ်၊ မမိ ဆိုပြီး သားသမီး သုံးယောက် ရှိတယ်လို့ သူရိယရုပ်စုံမဂဇင်းက
ဆိုထားတဲ့အကြောင်း ပါတဲ့အတွက် အထက်က အချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့
ဆက်စပ်ကြည့်
လိုက်မယ် ဆိုရင် မောင်ဖိုးဆက် ဒါမှမဟုတ် မောင်ဖိုးဆယ် နဲ့ မမိ ဟာ
မောင်နှမသာ
ဖြစ်ဖို့ သေချာသလောက် ဖြစ်နေပါပြီ။
၁၈၆၈ ခုနှစ်မှာ Captain Houghton ဆိုသူက မဖုံးတို့ မိသားစုရဲ့
ဓာတ်ပုံတွေကို
လန်ဒန်မှာ ပြသခဲ့တယ်။ အဲဒီအချိန်မှာ မဖုံးအသက် ၄၄နှစ်၊ သားအကြီးက ၁၈နှစ်၊
သားအငယ်က
၁၄နှစ် အသီးသီး ရှိနေကြပြီ ဖြစ်ပာတယ်။ ပြီးတော့ သူကနေ ဒောက်တာ
ဟာမန်ဘီဂယ်ကို
ပေးပို့ပြီး သိပံစာစောင်တွေမှာ
ဖော်ပြခဲ့ပါတယ်။ သူတို့ရဲ့ အျခား ဓာတ္ပံု ေတာှေတာှမ်ားမ်ားကို
ရိုက်ကူးခဲ့ကြသူတွေက
L.Allen.Goss၊ Le Double AF၊ Hossay စတဲ့သူတွေ ဖြစ်ပာတယ်။ သူတို့ရဲ့
ဓာတ်ပုံတွေဟာ
အခုချိန်ထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က Musee de l'Homme ပြတိုက်၊ British
Museum
(Natural History)၊ Royal Anthropological Institute in London စတဲ့
နေရာတွေမှာ
ရှိနေပာသေးတယ်။
အမေရိကန် ဝါရှင်တန်ဒီစီ သင်္ချုင်းမှာ
မဖုံးကို သဂြလ်ခဲ့တာမို့ သူတို့ဆီက
မှတ်တမ်းတွေကို ပြန်လည် စစ်ဆေးကြည့်နိုင်ရင် ကွင်းဆက် ပျောက်ကွယ်နေတဲ့
မောင်ဖိုးဆက်တို့ရဲ့ အကြောင်းတွေကိုလည်း သိကောင်း သိလာနိုင်စရာ ရှိပါတယ်။
ဦးရွှေမောင်နဲ့ သမီးမဖုံးပုံ
ရိုက်ထားတဲ့ပုံဖြစ်မယ်)
ဖြစ်မယ်လို့ ထင်ရတယ်။ မမိမှာ အတော်ငယ်သေးတာတွေ့ရပါမယ်။
Monday, June 14, 2010
ထူးဆန်းကြောက်မက်ဖွယ် ပင်လယ်ရေသတ္တ၀ါ
လှို့ဝှက်ဆန်းကြယ်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သတ္တ၀ါဟာ Wales ပြည်နယ်ရှိ
Gower Peninsula ရဲ့ကမ်း ခြေမှာ ရေထဲမှ ပေါ်ထွက်လို့လာခဲ့ပါတယ် ။
ပြည်ကြီးငါး ရေဘ၀ဲလက်မတွေလို အများကြီးပါရှိပြီး အဲဒီလက်မ တွေဟာ
အစမှအဆုံးထိ ခြောက်ပေထိရှည်လျှားပါတယ် ။ တွဲကျလျှက်ရှိတဲ့
ရှည်လျားတဲ့ညှာတံပါရှိပြီး အဲဒီ သတ္တ၀ါရဲ့ အခွံနဲ့တွဲစပ်ထားလို့နေပါတယ် ။
အလွန်ကြီးမားတဲ့ ရေလှိုင်းလုံးတွေအောက်မှာတွေ့ရလေ့ရှိပြီး အခုအခါမှာ
တော့
သဏ္ဍာန်ရှိပြီး အမှန်တကယ်တော့ ရေသတ္တ၀ါအမျိုးနွယ် ပုဇွန် ကျောက်ပုဇွန်
၊ဂဏန်းတွေနဲ့ ဆက်နွယ်မှု ရှိပါတယ် ။ ဒီသတ္တ၀ါဟာ ပင်လယ်ပြင်ရဲ့ အမြှုပ်ထတဲ့
နေရာတွေမှာ ကျက်စားလေ့ရှိပါတယ် ။ ပင်လယ်ပြင်ရဲ့
ချွန်ထက်တဲ့ကျောက်ဆောင်အမြင့်တွေပေါ်ကိုတွယ်တက်လေ့ရှိပြီး ရေလှိုင်းတွေထဲမှာ
ပျော်ရွှင်စွာ ကူးခတ်လေ့ ရှိပါတယ် ။ အထူးသဖြင့် ရေငံထဲမှာ ဥ ချလေ့ရှိပြီး
ရေထဲက အောက်ဆီဂျင်နဲ့ပဲ အသက်ရှင်နေထိုင်ပါတယ် ။ အစာတွေကိုတော့ သူတို့ရဲ
ခြောက်ပေရှည်တဲ့ လက်ချောင်းတွေနဲ့ ဖမ်းယူစားသောက်လေ့ရှိပြီး ထူးဆန်း
တာကတော့ သူတို့ ဦးခေါင်းနဲ့ ကျောက်ဆောင်တွေပေါ်
တွယ်ကပ်ခြင်းကိုလုပ်ဆောင်လေ့ရှိပြီး သူတို့ ခြေလက် တွေနဲ့
အစာစားလေ့ရှိပါတယ် ။
တစ်နေ့ စီးကရက် အလိပ် ၄၀ သောက်ရမှကျေနပ်သည့် အသက် ၂ နှစ်အရွယ်ကလေးငယ်....
ကုန်တင်းကားမောင်းသူတစ်ဦးရဲ
့ဟန်အတိုင်း....
သို့ သော် ...
မြင်ကွင်း၏ အဖြစ်မှန်ကား စိတ်ဆင်းရဲစရာ၊
စိတ်အနှောင့် အယှက်ဖြစ်စရာပင်...
အသက် ၂ နှစ်သာရှိသေးသည့် အာဒီရီဇဲ ရဲ
့ကျန်းမာရေးကတော့ တစ်နေ့ လျှင် စီးကရက် အလိပ် ၄၀
ကုန်အောင်သောက်၇မှကျေနပ်သည့် သူ့ အကျင်
့ကြောင့် သူ့ ကိုယ်သူပင် မနည်းသယ်ဆောင်ကာ သွား
လာလှုပ်ရှားနေရတော့သည့် ....
ကလေးများနှင်
့အတူပြေးလွှားဆော့ကစားနိုင်လောက်အောင်ပင် သက်လုံမကောင်းတော့ ပေ....
( သည်အတိုင်းသာဆက်သွားပါက )သူ့ ရဲ
့ကျန်းမာရေးဟာလည်း အလျင်အမြန်ဆိုးရွားလာမှာအသေ
အချာပင်...
အသစ်တစ်စီးပင် လက်ဆောင်ဝယ်ပေးမည်ဟု
ကမ်းလှမ်းပြောကြားခဲ့ သော်လည်း သူဆေးလိပ်တောင်း
လို့ မရခဲ့ လျှင် အကြီးအကျယ်
ဆူပူအော်ဟစ်ငိုယိုတတ်သောကြောင့် ထိုကလေး ဆေးလိပ်ပြတ်အောင်
၎င်း၏မိဘများအနေဖြင့် မတတ်နိုင်အောင်ဖြစ်နေခဲ
့ကြရပါတယ်...
မိဘမကောင်းတော့ သားသမီးပျက်စီးရရှာတယ်...
့အခါတိုင်းစီးကရက်မ၇ယင် သူ
ဟာစိတ်ဆိုးဒေါသထွက်ပြီးအသံကုန်အော်ဟစ်ငိုယိုကာ၊
နံရံကိုခေါင်းနဲ့ ဆောင့် ပါတယ်...ပြီးတော့ လည်း
သူက ( ဆေးလိပ်မသောက်ရယင် ) ခေါင်းမူးတယ်၊
နေမကောင်းဘူး လို့ ပြောပါတယ်..." လို့ အသက်
၂၆ နှစ်အရွယ်ရှိ မိခင်ဖြစ်သူ ဒိုင်ယာနာ
ကပြောပြပါတယ်...
အာဒီ လေးဟာစီးကရက်ကို
တံဆိပ်တစ်မျိုးတည်းသာသောက်လေ့ ရှိပြီး သူ့ ရဲ့ စီးကရက်ဖိုးကလည်း အင်
ဒိုနီးရှားနိုင်ငံ တောင်ပိုင်းဆူမတ်တြာ
ပြည်နယ်၊ မူဆီ ဘာညွာဆင် ဒေသမှာနေထိုင်တဲ့ ၎င်းရဲ့ မိဘများအ
တွက်တစ်နေ့ ကို ပေါင်စတာလင် ၃.၇၈ ( ဒေါ်လာ
၅.၆ ) ခန့် ကုန်ကျနေကြရပါတယ်...
ယခုကဲ့ သို့ အခြေအနေမျိုးဖြစ်နေတာတောင်မှ ၎င်းရဲ့ ဖခင်ဖြစ်သူ အသက် ၃၀ အရွယ်ရှိ ငါးစိမ်းရောင်း
သူ မိုဟာမက် က " ကျွန်တော့် အတွက်တော့
သားလေးဟာ အလွန်ပဲ ကျန်းမာနေပုံပေါက်နေပါတယ်...
ဘာမျှ ဒုက္ခဖြစ်တာ၊ ပြဿနာဖြစ်တာ မတွေ
့ရပါဘူး..." လို့ ပြောကြားခဲ့ ပါတယ်...
အာဒီ လေးရဲ့ ငယ်ငယ်ရွယ်ရွယ်နဲ
့ဆေးလိပ်သောက်တတ်တာဟာ စိုးရိမ်စရာ၊ စိတ်အနှောက်အယှက်
ဖြစ်စရာ ခေတ်ရေစီးကြောင်းဖြစ်နေပါတယ်...
ဗဟိုစာရင်းအင်းအဖွဲ့ အစည်းရဲ
့မှတ်တမ်းကိန်းဂဏာန်းများအရ အင်ဒိုနီးရှားနိုင်ငံ၏ အသက် သုံးနှစ်မှ
ဆယ့် ငါးနှစ်အတွင်း ကလေးသူငယ်များ၏ ၂၅
ရာခိုင်နှုံးဟာ ဆေးလိပ်ကို စမ်းသပ်သောက်သုံးကြည့် 
လေ့ ရှိပြီး ၃.၂ ရာခိုင်နှုံးကတော
့စွဲစွဲလမ်းလမ်းသောက်သုံးသူတွေဖြစ်ကြပါတယ်...
အသက် ၅ နှစ်မှ ၉
နှစ်အတွင်းဆေးလိပ်သောက်သူနှုံးဟာ ၂၀၀၁ ခုနှစ်တွင် ၀.၄ ရာခိုင်နှုံးရှိခဲ
့ရာမှ
၂၀၀၄ ခုနှစ်တွင် ၂.၈ ရာခိုင်နုံးအထိမြင်
့တက်သွားတယ်လို့ ဆိုပါတယ်...
တစ်ခုလည်း လွန်ခဲ့ သည့် မတ်လ အတွင်းက
ယူကျု တွင် တင်ထားခဲ့ ပြီး အပြင်းအထန် ပြစ်တင်ဝေ
ဖန်ခဲ့ မှုကြောင့် ထိုဆိုဒ်မှ
ပယ်ဖျက်ပေးခဲ့ ကြရပါတယ်...
ဖော်ပြထားခဲ့ တဲ့ သတင်းများအရ ဒီကလေးအခုလိုဆေးလိပ်သောက်တတ်တာဟာ သူ့ ရဲ
့ဖခင်ဖြစ်သူ
က အစလုပ်သင်ပေးခဲ့ တာကြောင့် လို့ ဆိုပါတယ်...
အစကတော့ အပျော်သဘောနဲ့ လုပ်ခဲ့ တာဖြစ်ပေမယ့် အခုတော့ ဖျက်လို့ မရတဲ
့ကြောက်မက်ဖွယ်အ
ကျင့် ဆိုးကြီးဖြစ်နေပါပြီ...
လက်ဦးဆရာမည်ထိုက်စွာ၊ ပုဗ္ဗာစရိယ၊ မိနှင့် ဘ ... ဆိုသလိုပင် ၎င်းရဲ
့ဖခင်ဖြစ်သူကိုသာအပြစ်တင်ရ
မှာဖြစ်ပါတယ်...
ကလေးဒီလောက်တောင် တစ်နေ့ စီးကရက်အလိပ် ၄၀ သောက်နေတာတောင်ပြဿနာမရှိပါဘူးလုပ်
နေသေးတယ်...
သူ့ ကိုသာအချူပ်ထဲဖမ်းထည့်ဖို့ ကောင်းတယ်...
သူ့ ရဲ့ မဆင်မခြင်လုပ်ခဲ့ မှုကြောင့် ကလေးဟာ သက်သက်မဲ့ သက်ဆိုးရှည်ရမှာ
မဟုတ်တော့ ပါဘူး...
ဆင်ခြင်နိုင်ကြပါစေသော်..
သတ္တိခဲ သူရဲကောင်းဆရာဝန်...
မိမိကိုယ်ကို ပြန်လည် ခွဲစိတ်နေသည့် ရုရှားဆရာဝန်
၁၉၆၁ ခုနှစ်ရဲ့ ဧပြီလ ၂၉ ရက်နေ့ မှာ အန္တာတိတ်ဒေကို လေ့ လာရေးခရီးရောက်ရှိနေတဲ့ ဆိုဗီယက်နိုင်
ငံ ( ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စု ပေါ့  ယခုတော့ ရုရှား ပါ....) မှ လေ
့လာရေးအဖွဲ့ တစ်ခုရဲ့ အဖွဲ့ 
ဝင် တစ်ဦးဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ်ရှိ
လီယိုနစ်ရိုဂိုဇော့ဗ် တစ်ယောက် ၎င်းရဲ
့ညာဖက် ၀မ်းဗိုက်
အောက်ပိုင်းနာကျင်ကိုက်ခဲတဲ့ ဝေဒနာ
ခံစားခဲ့ ရပြီး အဖျားလဲ တက်လာခဲ
့ရပါတယ်...
နောက်တစ်နေ့ မှာတော့ သူ့ ရဲ့ အခြေအနေဟာ
ပိုမိုဆိုးရွားလာခဲ့ ပါတယ်...ဆေးရုံ၊
ဆေးခန်းသို့ ပို့ ပေး
မည့် လေယာဉ်၊ ရဟတ်ယာဉ်လည်း ခေါ်နိုင်မည်
့အခြေအနေမရှိသည့် အပြင် ၎င်းကိုယ်တိုင်ကပင် ထို
နိုဗိုလာရက်ဆကာယာ လေ့ လာရေးစခန်း ရဲ
့တစ်ဦးတည်းသောဆရာဝန်ဖြစ်နေခဲ့ တာမို့ သူဟာ ရနိုင်
တဲ့ ထုံဆေးများကိုသာ အသုံးပြုပြီး သူ
့ကိုယ်သူ ကိုယ်တိုင်ပဲ ပြန်လည်ခွဲစိတ်ကာ အူအတက်ပေါက်တာ
ကိုဖယ်ရှားခဲ့ ရပါတော့ တယ်...
အာဂသတ္တိရှင်
သူ့ ကို စခန်းရဲ့ အင်ဂျင်နီယာတစ်ယောက်နှင့် မိုးလေ၀သ ပညာရှင်တစ်ဦးတို့ က ခွဲစိတ်ရာမှာ ကူညီပေး
ခဲ့ ကြပါတယ်...
လီယိုနစ်ရိုဂိုဇော့ ဗ်ဟာ ၁၉၅၉ ခုနှစ်မှာ
ရုရှား ဆေးသိပ္ပံမှ ဘွဲ့ ရခဲ့ ပြီးနောက်
ခွဲစိတ်ကုသမှုဆိုင်ရာ နေရာ
ကို ချက်ချင်းပဲ ပြောင်းရွေ့ ခဲ့ ရပါတယ်... သို့ သော် သူ့ ရဲ့ တာဝန်ထမ်းဆောင်ရင်း ဆက်လက်သင်ယူမှု
ဟာ ၁၉၆၀ ခုနှစ်မှာ
အန္တာတိတ်ဒေသရဲ့ နိုဗိုလာဇာရေ့ ဗ်စကာယာ စခန်းကို ဆိုဗီယက်ပြည်ထောင်စု
ရဲ့ 
၆ ကြိမ်မြောက် လေ့ လာရေးခရီးမှာ ဆရာဝန်အဖြစ်လိုက်ပါခဲ
့ရလို့ ရပ်ဆိုင်းသွားခဲ့ ရပါတယ်...
အဆိုပါစခန်းမှာ လေ့ လာရေးခရီးစဉ်
ကာလအတွင်းဖြစ်ပွားခဲ့ တဲ့ ( သူ့ ကိုယ်သူပြန်လည်ခွဲ စိတ်ခဲ
့ရတဲ့ )
အဖြစ်အပျက်ကြောင့် အသက် ၂၇ နှစ်အရွယ်ရှိ ခွဲစိတ်ဆရာဝန်လေးဟာ
ကမ္ဘာကျော်ခဲ့ ရပါတော့တယ်...
၁၉၆၁ ခုနှစ် ဆောင်းရာသီ
ဧပြီလ ၂၉ ရက်နေ့ မှာ လီယိုနစ်အတွက်
စိတ်မသက်မသာဖြစ်စရာ လက္ခဏာ
တွေ စတင်ပြသလာခဲ့ ပါတယ်...
သူ့ မှာ အားနည်းခြင်း၊ ရင်ပြည်
့ရင်ကယ်ဖြစ်ကာ ပျို့ အန်ခြင်း၊ အဖျားတက်ခြင်းနှင့် ၀မ်းဗိုက်ညာဖက်
အောက်ပိုင်း နာကျင်ခြင်းတို
့ဖြစ်လာခဲ့ ပါတယ်...
နောက်တစ်နေ့ မှာတော့ သူ့ ရဲ့ ကိုယ်ပူချိန်ဟာ
ပိုပြီးမြင့် တက်လာခဲ့ ပါတယ်...လူ ၁၃ ဦးပါဝင်တဲ
့အဖွဲ့ မှာ
တစ်ဦးတည်းသောဆရာဝန်ဖြစ်တာမို
့လီယိုနစ်ဟာသူ့ ကိုယ်သူပဲ ရောဂါကို
အဖြေရှာခဲ့ ရပါတော့ တယ်..
ရောဂါရဲ့ အဖြေကတော့ ရုတ်တရက်ဖြစ်ပေါ်လာတဲ
့အူအတက်ပေါက်ခြင်းပါပဲ....
အနီးစပ်ဆုံးစခန်းတွေမှာလည်း လေယာဉ်ပျံမရှိသည်
့အပြင် ပြင်းထန်လှသည့် ရာသီဥတုအခြေအနေက
လည်း မည်သည်
့လေယာဉ်ကိုမျှ နိုဗိုလာဇာရေ့ ဗ်ကာယာ စခန်းကိုဘယ်လိုနည်းနှင့် မျှပျံသန်းခွင်
့မပေး
ခဲ့ ပါဘူး....ရေခဲပြင်လေ့ လာရေးအဖွဲ့ သားများ အရေးပေါ်နာမကျန်းဖြစ်ပါက အသက်ကယ်နိုင်ဖို
့ကတော့
စခန်းမှာပဲ ဖြစ်သလို ခွဲစိတ်ကုသရမှာဖြစ်ပါတယ်...
ဒါကြောင့် အဲဒီအတွက်တစ်ခုတည်းသောနည်းလမ်းကလည်း
သူ့ ကိုယ်သူပြန်လည်ခွဲစိတ်ရမှာဖြစ်ပါတော့
တယ်....
၁၉၆၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ
့ညမှာတော့ ကိုယ်တိုင်လူနာလည်းဖြစ်၊
ခွဲစိတ်ဆရာဝန်လည်းဖြစ်တဲ့ သူ
့
ကို စက်မှုအင်ဂျင်နီယာတစ်ဦးနှင့်
မိုးလေ၀သပညာရှင် တစ်ဦးတို့ က ကူညီခဲ
့ကြပါတယ်...
ထိုနှစ်ဦးက သူ့ ကိုခွဲစိတ်ကိရိယာများ
အသင့် ယူဆောင်ပေးပြီး သူ့ ရဲ့ ဝမ်းဗိုက်ကိုလည်းမှန်လေးတစ်ချပ်
ထိုးပြခဲ့ ပေးကြပါတယ်...
သူဟာခန္ဓာကိုယ် ကိုတစ်ဝက်ထိုင်၊ တစ်ဝက်လှဲနေပြီး ဘယ်ဖက်ကို စောင်းကာစခန်းရှိ
နိုဗိုကိန်း ထုံဆေး
ထိုးပြီး သူ့ ရဲ့ ဝမ်းဗိုက်
ညာဖက်ပိုင်းကို ၁၂ စင်တီမီတာလောက်အထိ ဓါးချွန်ခဲ့ ခွဲခဲ့ ရပါတယ်...
ပြီးတော့ သူဟာ မှန်ထဲမှာလည်းကြည့် ၊ ကိုယ်တိုင်လည်းလက်နှင့်စမ်းပြီး ယောင်ကိုင်းနေတဲ
့အူအတက်
ကိုဖြတ်ထုတ်ပြစ်ခဲ့ ကာ ၀မ်းဗိုက်မှာ
ပဋိဇီဝဆေးတွေ ထိုးခဲ့ ပါတယ်...
စတင်ခွဲစိတ်ပြီး မိနစ် ၃၀ ကနေ ၄၀ လောက်အကြာမှာတော့  သူဟာ မူးမေ့ သွားခဲ့ ရပြီး
တစ်ခါမှာတော့
သူဟာခွဲစိတ်မှုကို ရပ်ပြီး
အနားယူခဲ့ ရပါသေးတယ်...
သိုသော် စုစုပေါင်း ၁ နာရီနှင့် ၄၅ မိနစ်ကြာအပြီး
သန်းခေါင်ယံမှာတော့ ခွဲစိတ်မှုဟာ အောင်မြင်စွာပြီးဆုံး
ခဲ့ ပါတယ်....
ငါးရက်အတွင်းသူ့ ရဲ့ ကိုယ်အပူချိန်
ပုံမှန်ပြန်ဖြစ်လာခဲ့ ပြီး
နောက်ထပ်နှစ်ရက်အကြာမှာတော့ ချူပ်ရိုးတွေ
ဖြည်နိုင်ခဲ့ ပါတယ်...
စိန့် ပီတာစဘတ် အာတိတ်နှင့် အန
္တာတိတ်ဆိုင်ရာ ပြခန်းမှာ ထိုသူရဲကောင်းခွဲစိတ်ဆရာဝန် လီယိုနစ် ရို
ဂိုဇော့ ဗ် ရဲ့ ခက်ခဲတဲ့ ခွဲစိတ်မှုမှာ
အသုံးပြုခဲ့ တဲ့ ခွဲခန်းသုံးကိရိယာများကို ပြသထားပါတယ်...
ဆိုဗီယက်ပြည်ထောင်စုရဲ့ သူရဲကောင်းတစ်ဦးဖြစ်တဲ
့ အာကာသယာဉ်မှူး ဂျာမာန်တီတော့ ဗ် က ၎င်းရဲ့ 
" ကျွန်ုပ်ရဲ့ အပြာရောင်ဂြိုလ်ကမ္ဘာ " ဆိုတဲ့ စာအုပ်မှာ...
" ကျွန်တော်နို့ တိုင်းပြည်မှာ
ခေါင်းပုံဖြတ်အမြတ်ထုတ်တယ်ဆိုတာ မိမိဘ၀ကို (
မိမိကိုယ်ကိုပြန်လည်အ
သုံးချပြီး နိုင်ငံနှင့် လူမျိုးအတွက် ) ပဲပြန်ပြီးတန်ဖိုးရှိအောင်
လုပ်ခဲ့ ကြတာပါ...
ပုလိပ်ရောဂါကာကွယ်ဆေးကို လူနာတွေကို
အသုံးပြု၊ မကုသခင် ကိုယ့် ကိုယ်ကို
ဦးစွာပြန်လည်ထိုးနှံ
( စမ်းသပ်ပြ ) ခဲ့ တဲ့  ဒေါက်တာဘောရစ်ပါစတုခေါ့ ဗ် ကိုကျွန်တော်တို့ လေးစားကြည်ညိုပါတယ်...
အန္တာတိတ်ဒေသရဲ့ ခက်ခဲဆိုးရွားတဲ့ အခြေအနေအတွင်းမှာပင်
ကိုယ့် ကိုယ်ကို ပြန်လည်ခွဲစိတ်ပြီး အူအ
တက်ဖြတ်ထုတ်ရဲတဲ့ ဒေါက်တာ
လီယိုနစ်ရိုဂိုဇော့ ဗ် ရဲ့ သတ္တိကိုလည်း အားကျမိပါတယ်...
တစ်ခါတစ်ရံ အဲဒီအကြောင်းတွေပြန်လည်စဉ်းစားပြီး
" ငါရောအဲဒီလိုမျိုးလုပ်နိုင်ပါ
့မလား " လို့ ကျွန်တော့်
ကိုယ်ကျွန်တော် တစ်ယောက်တည်း
တိတ်ဆိတ်စွာပြန်မေးလေ့ ရှိပါတယ်...
အဖြေကတော့  အင်း...အဲဒီလိုဆိုယင် အကောင်းဆုံးတော့ကြိုးစားလုပ်သွားမှာ ပါ လို
့သာဖြစ်ပါတယ်..."
လို့ ရေးသားခဲ့ ပါတယ်...
တွေးကြည့်ပုံဖြင့် အသည်းယားစရာ
တစ်ယောက်ယောက်ကို ချစ်နေတဲ့အခါ ဘယ်အချိန်ထိ လျှို့ဝှက်ထားသင့်လဲလို့မိတ်ဆွေထင်ပါသလဲ?

တောင်တန်းတစ်ခုလုံးကို အဖြူရောင်နှင်းတွေနဲ့ ဖုံးလွှမ်းထားတယ်။
လေတစ်ချက်အဝေ့မှာ နှင်းမှုန်တွေက စက်ဝိုင်းသဏ္ဍာန် ဘယ်ညာယိမ်းကလို့...
လူသူအရောက်အပေါက်နည်းတဲ့ ဒီတောင်ကို နှင်းတွေက ကြီးစိုးချင်သလို
ကြီးစိုးဝါးမြိုထားကြတယ်။
မတ်စောက်တဲ့ တောင်စောင်းတစ်နေရာမှာ လူနှစ်ယောက် ဖြေးဖြေးချင်း
ရွေ့လျားနေတယ်။ သူတို့က တောင်တက်သမားတွေဖြစ်ပြီး လမ်းတစ်ဝက်မှာ
နှင်းမုန်တိုင်းမိခဲ့လို့ လမ်းမှားလာကြသူတွေ ဖြစ်တယ်။ သူတို့က
တစ်ဦးအပေါ်တစ်ဦး တိတ်တခိုး ချစ်ကြိုက်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ
ဖြစ်တယ်။ တောင်တက်တဲ့ ခရီးစဉ်ကို ကောင်လေးစခဲ့တာဖြစ်တယ်။
နှင်းမိုးက ရွာလေသည်းလေဖြစ်နေတယ်။ ခြေတစ်လှမ်းတိုင်း သူတို့ အားအင်တွေ
စိုက်ထုတ်နေရတယ်။ သူတို့နှစ်ယောက် လက်ချင်းတွဲပြီး ဒူးဆစ်ထိနက်တဲ့
နှင်းထဲကနေ ရှေ့ကိုဆက်သွားနေခဲ့တယ်။
နှင်းတွေနဲ့ သူတို့အဝတ်အစားတွေ စိုရွဲနေခဲ့တယ်။ လေအေးတစ်ချက်တိုက်တိုင်း
ပြာနှမ်းနေပြီဖြစ်တဲ့ နုတ်ခမ်းနဲ့ သူတို့ခိုက်ခိုက်တုန်အောင်
အေးခဲနေခဲ့တယ်။ လမ်းပျောက်တာ သုံးရက်ရှိပြီဖြစ်ပေမယ့် ထွက်ပေါက်ကို
သူတို့ရှာမတွေ့ခဲ့ဘူး။ အင်အားတွေလည်း ကုန်ခမ်းနေပါပြီ။ အဆိုးဆုံးက
အစားအစာတွေ မလုံလောက်တာဖြစ်တယ်။ ကောင်လေးက စားစရာအားလုံးကို ကောင်မလေးရဲ့
အိတ်ထဲထည့်ပြီး တစ်နေ့တာရဲ့ အစာကို ထိန်းချုပ်စေခဲ့တယ်။
တောအုပ်တစ်ခုအဖြတ်မှာ ကောင်မလေးချော်လဲပြီး ခြေထောက်ကို
ထိခိုက်မိသွားခဲ့တယ်။ ခန္ဓာကိုယ်ကို အနိုင်နိုင် သယ်ထားရတဲ့ ကောင်လေးက
ကောင်မလေးကို ကျောပိုးပြီး ရှေ့ဆက်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ဘူး။
ကောင်လေးတစ်ယောက်တည်း ရှေ့ဆက်ပြီး ထွက်ပေါက်တွေ့မှ ကောင်မလေးကို
ပြန်လာကယ်ဖို့က လွဲပြီး တစ်ခြားနည်းမရှိခဲ့ဘူး။ ကောင်မလေးအတွက်
ရွက်တဲတစ်ခုကို ကောင်လေးဆောက်ပေးလိုက်တယ်။
အစာစားချိန်မှာ ကောင်မလေးက ကောင်လေးကို "ကိတ်ခြောက် ၈ချပ်ကျန်သေးတယ်။
တစ်ယောက် ၄ချပ်စီ စားရအောင်.. ရေနွေးကြိုလိုက်ပါလား" လို့ ပြောလိုက်တယ်။
ကောင်လေး ရေကြိုနေတုန်းမှာ ကောင်မလေးက ကိတ်ခြောက်တွေကိုခွဲပြီး
အိတ်ကိုယ်စီထဲ ထည့်လိုက်တယ်။ တအောင့်ကြာမှာ ကောင်လေး ပြန်ဝင်လာပြီး
ကောင်မလေးကို "ငါ ချက်ချင်း ပြန်လာခဲ့မယ်။ စောင့်နေနော် " လို့မှာပြီး
ထွက်သွားခဲ့တယ်။
အဲဒီအချိန်ထိ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း
ဖွင့်မပြောကြသေးဘူး။ ဒီလိုအခြေအနေမျိုးမှာ တစ်ယောက်ယောက်က ခွဲထွက်သွားရင်
ဒီခွဲခွာခြင်းက ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့ ခွဲခွာခြင်းပဲဖြစ်တယ်။
တကယ်လို့ ရင်ထဲက အချစ်တွေကို ဖွင့်ပြောပြီးမှ သူတို့နှစ်ယောက်ထဲက
တစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်နိုင်မယ်ဆိုရင် ကျန်ရစ်ခဲ့သူက
ဘဝတစ်လျှောက်လုံးမှာ သွားလေသူကို အောင်းမေ့တမ်းတနေတော့မယ်။ ရင်ထဲက
အချစ်တွေကို ထုတ်ဖော်မပြောဘဲ ခွဲထွက်သွားရင် ပိုကောင်းလိမ့်မယ် ထင်ပါတယ်။
ကောင်မလေးအတွက် အိပ်ရာအိတ်ကို ကောင်လေးဖြန့်ခင်းပေးပြီး နေရာကနေ
သူလှည့်ထွက်လာခဲ့တယ်။ ကောင်မလေးကို ပြန်လာကယ်ဖို့ လမ်းနေရာတိုင်းကို
ကောင်လေး အမှတ်အသားလုပ်ခဲ့တယ်။
နှင်းတောထဲမှာ စမ်းတဝါးဝါး ရှေ့ဆက်ရင်း နောက်ဆုံးမှာ ကောင်လေး
အားပြတ်ပြီး လဲကျသွားခဲ့တယ်။ သတိမလစ်ခင်မှာ ကောင်မလေးကို သူသတိရနေမိတယ်။
"သူ့အစာရေစာတွေ လုံလောက်ပါ့မလား? သူတောင့်ခံနိုင်ပါ့မလား?"
သတိရလို့ နိုးလာတဲ့အချိန် ကယ်ဆယ်ရေး ရွက်တဲထဲ သူရောက်နေတာကို
ကောင်လေးသတိထားလိုက်မိတယ်။ တောင်တက်ဖို့ ထွက်သွားပြီး ရက်အတော်ကြာ
ပြန်မလာတဲ့ သူတို့ကို မိတ်ဆွေတွေက ကယ်ဆယ်ရေးအကူနဲ့ နှင်းတောထဲ
ဝင်ရှာခဲ့တာဖြစ်တယ်။ ကယ်ဆယ်ရေးအဖွဲ့က ကောင်မလေးကို အရင်ရှာတွေ့တာဖြစ်ပြီး
ကောင်လေးအမှတ်အသား လုပ်ခဲ့တဲ့ လမ်းနောက် လိုက်ခဲ့လို့
သေလုမျောမျောဖြစ်နေတဲ့ ကောင်လေးကိုတွေ့ခဲ့တာဖြစ်တယ်။
ကယ်ဆယ်ရေးအဖွဲ့ရဲ့ ကုသပြုစုမှုကြောင့် ကောင်လေးရဲ့ကိုယ်အပူချိန်တွေ
တက်လာခဲ့တယ်။ သတိရရချင်း ကောင်မလေးကို သူမေးခဲ့တယ်။ ဘယ်သူကမှ သူ့အမေးကို
ပြန်မဖြေခဲ့ကြဘူး။ နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်က စိတ်မကောင်းတဲ့
လေသံနဲ့
"သူမရှိတော့ဘူး... ရေကြိုဖို့ထွက်သွားပြီးနောက် တဲထဲကို ပြန်ဝင်ဖို့
သူအားပြတ်ခဲ့တယ် ထင်တယ်။ နှင်းပြင်မှာ အေးခဲပြီးသေနေတာကို ကျွန်တော်တို့
တွေ့လိုက်ရတယ်" လို့ ပြောလိုက်တယ်။
အဖြစ်အပျက် ၃နှစ် လွန်မြောက်ပြီးနောက် တခြားကောင်မလေးတစ်ယောက်နဲ့
ကောင်လေး မင်္ဂလာဆောင်ခဲ့တယ်။ နှင်းတောထဲမှာ သေဆုံးခဲ့တဲ့ ကောင်မလေးကြောင့်
စိတ်ထိခိုက်ခဲ့တဲ့ ကောင်လေးကို ဒီကောင်မလေးက အားပေးဖေးမခဲ့တာဖြစ်တယ်။
ကောင်လေးကို ကယ်ဆယ်ခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်လည်း ဒီမင်္ဂလာပွဲကို
လာခဲ့ပါတယ်။ မင်္ဂလာပွဲပြီးနောက် အဖွဲ့ခေါင်းဆောင်က သင်္ချိုင်းတစ်ခုကို
ရောက်လာခဲ့တယ်။ အုတ်ဂူတစ်ခုရှေ့ရပ်ပြီး ဂူပေါ်မှာကပ်ထားတဲ့ ဓာတ်ပုံကို
သူကြည့်လိုက်တယ်။ ဓာတ်ပုံထဲက ပြုံးရွှင်နေတဲ့ ကောင်မလေးကို ကြည့်ပြီး.....
"စိတ်ချပါတော့..သူမင်္ဂလာဆောင်သွားပါပြီ။ သူပျော်ရွှင်နေပါတယ်...
ကောင်းကင်ဘုံမှာ စိတ်ချချ နေပါတော့ကွယ်" လို့ ပြောလိုက်တယ်။
တကယ်တော့ ကောင်မလေးက အေးခဲပြီး သေသွားတာ မဟုတ်ပါဘူး။ ကယ်ဆယ်ရေးအဖွဲ့
ရောက်သွားချိန် ရွက်တဲအိပ်ရာထက်မှာ သူလဲလျောင်းနေတာကို တွေ့ခဲ့ရတယ်။
ကောင်လေးခင်းပေးခဲ့တဲ့ အိပ်ရာထက်မှာ သူတစ်ဖဝါးမှ မခွါရက်ခဲ့ပါဘူး။
ဆာလောင်ပြီး သူသေဆုံးခဲ့တာဖြစ်တယ်။ သူ့အိတ်ထဲ ရှာဖွေကြည့်တော့
ကိတ်ခြောက်အစား ကျောက်ခဲတစ်ချို့ပဲ တွေ့ခဲ့ရတယ်။ တကယ်ဆို ကိတ်ခြောက်တွေက
၈ချပ်မကျန်ဘဲ ၄ချပ်ပဲ ကျန်ခဲ့တာဖြစ်တယ်။ ကောင်လေးကို သူတကယ်
ချစ်မြတ်နိုးခဲ့မိလို့ ကိတ်ခြောက်အားလုံး ကောင်လေးကို
ခွဲဝေပေးခဲ့တာဖြစ်တယ်။
ကယ်ဆယ်ရေးခေါင်းဆောင် သူ့ကိုတွေ့ခဲ့ချိန်မှာ သူတစ်ကိုယ်လုံး
အေးစက်တောင့်တင်းနေပါပြီ။ သူ့လက်ထဲမှာ စာရွက်တစ်ရွက်ကို တင်းတင်းလေး
ဆုတ်ကိုင်ထားတယ်။
"သူပြန်လာချိန်ထိ ကျွန်မတောင့်ခံနိုင်တော့ မဟုတ်ဘူး။ သူ့ကို
ပြောမပြပါနဲ့... သူ့ဘဝနဲ့သူ ပျော်ရွှင်နေပါစေ"
အချစ် ဘာကြောင့် လှပရသလဲ?
အချစ်လှပရခြင်းက မပြည့်စုံခြင်းကြောင့် ဖြစ်မယ်ထင်တယ်။
လူတစ်ချို့က လျှို့ဝှက်ချက်တစ်ခုကို ဘဝတစ်ခုလုံးနဲ့
သိမ်းပိုက်ထားခဲ့တယ်....
ဟုတ်တယ် ... ဒါဆို ချစ်သွားပြီထင်တယ်
.... သူ့ဆီက Message ဒါမှမဟုတ်၊ ဖုန်းကို စောင့်နေမိတယ်ဆိုရင်
(၂) သူနဲ့အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင်
.... (အထူးသဖြင့် မိုးရွာထဲမှာပေါ့)
(၃) အတူရှိနေတဲ့အချိန် သူ့ကို ဂရုမစိုက်ချင်ယောင် ဟန်ဆောင်နေပေမယ့်
.... ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားတာနဲ့ အပူတပြင်း လိုက်ရှာတတ်နေရင်
(၄) တစ်ခြားလူအပေါ် သူစေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို အူတိုမိရင်
(၅) သူ့ရဲ့ ချိုမြမြအပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ
.... လိုက်တွန့်နေတတ်ရင်
(၆) ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို တခုတ်တရ သတိရနေမိရင်
သူ့ကို ကိုယ်သိပ်ချစ်မိသွားလို့ပဲ။
တရုတ်နိုင်င်ငံ အလယ်ပိုင်း ၀ူဟန်းမြို့ တွင် ဖခင်ဖြစ်သူအမျိုးသားတစ်ဦးဟာ ၎င်းရဲ့အသက် ၈ နှစ်အရွယ်ရှိသားဖြစ်သူကလေးငယ
* ခေတ်သစ် ကျွန်ဈေးရောင်းပွဲမှ သနားစရာကလေးငယ်...
အသက်ရှစ်နှစ်သာရှိသေးသည့် ကလေးငယ်ကို ၎င်း၏ ဖခင်ဖြစ်သူက တစိမ်းတစ်ရံဆန်များအား
ရောင်းချရန်ကြိုးစားခဲ့ သည်* .
တရုတ်နိုင်င်ငံ အလယ်ပိုင်း ၀ူဟန်းမြို့ တွင်
ဖခင်ဖြစ်သူအမျိုးသားတစ်ဦးဟာ ၎င်းရဲ့ အသက် ၈ နှစ်အရွယ်ရှိသားဖြစ်သူကလေးငယ်ကို
လမ်းဘေးဓါတ်တိုင်တွင် သံကြိုးဖြင့် ချည်ပြီး ခေတ်သစ်ကျေးကျွန်ဈေးကွက်ကဲ့ သို့ လေလံတင်ပြီး ရောင်းချခဲ့ ပြီး လာရောက်ဈေး
ပေးဝယ်ယူသူများကို ကြောက်ရွံ့ တုန်လှုပ်နေတဲ့ ကလေးငယ်ကိုစွန့်လွှတ် ပစ်ဖို
့ကြိုးစားခဲ့ ပါတယ်။
ဲ
ဒီလိုအပြုအမူမျိုးကို ကြင်နာသနားတတ်ကြသောဈေးသွားဈေးလာသူတွေက မခံစားနိုင်လို့ 
ဖခင်ဖြစ်သူကို ၀င်ရောက်ထိုးကြိတ်တိုက်ခိုက်နေကြပုံ..( အပ်ါပုံဒီ၂ နှစ်သားကလေးကိုလည်း ဖခင်ဖြစ်သူ ဆိုက်ကားထွက်နင်းနေခိုက်ဆိုယင် ဓါတ်တိုင်မှာ သံကြိုးနဲ့ ချည် ထားရလို့ ကမ္ဘာတစ်ဝှမ်းက
ထိတ်လန့် အံ့ သြခဲ့ ကြရပါတယ်.
အဆိုပါ ကလေးနှစ်ယောက်ကို စေတနာ ရှင်တွေရဲ့ ကောင်းမှုကြောင့် မြို့ တော်ဘေကျင်း ကမူကြိုကျောင်းတစ်ခုမှာကျောင်းသားအဖြစ်နဲ့ နေထိုင်နေရပါပြီ။
ချစ်တယ်
သံယောဇဉ်တင်း
စိတ်ချင်းတမ်းတ
မေ့မရတဲ့ ဘ၀လေး
ထာဝရရှိချင်တယ်
မင်းကွယ်...အဓိကပါနော်...။
အဝေးတစ်နေရာ
ဆွေးမပြေသာ
ရင်မှာတောင့် တ
အခုဘ၀မှတ်တမ်း
မင်း..အနမ်းနဲ့ ချွေ
ဝေဒနာမရှိ
ကတိသစ္စာပေးမယ်
ထာဝရချစ်တယ်လို့ လေ...။
အသဲမှာထင်ရစ်
ဖျက်ပစ်မရ
တသသရှိနေ
သံသရာတွေဆုံးစေတော့
မလျှော့တဲ့ မေတ္တာ
လက်တွေခိုင်မြဲ
ဘယ်တော့မှလဲမခွဲဘူးနော်..။
ခနလေးမတွေ့ တာနဲ့ 
ဘ၀လေးဆွေ့ ဆွေ့ ခုန်
ဆုံချင်လို့ မြတ်နိုး
တိတ်တခိုးတမ်းတ
အလွမ်းညလဲမရှိချင်
ဒီရင်အပူကိုမြင်လှည့် 
ကြင်ခဲ့ တဲ့ အချစ်
မင်းအတွက်ဘဲဖြစ်စေရမယ်ကွယ်..။
တစ်သက်တာမှာ
ရတက်ဖြာအလွမ်းနဲ့ 
မင်း..မှန်းဆလို့ 
ကျွမ်းမွဝေဒနာ
အဖြေသာရခဲ့ တယ်
နွယ်ခဲ့ တာမှားသလား
နှလုံးသား..မနေသာ
သေချာတာကတော့...
ချစ်တယ်...
သိပ်ချစ်တယ်....။ ။
Wednesday, June 2, 2010
လူတယောက်ကို သင်တကယ်ချစ်မိနေပြီလား
၂။ သင် ၀မ်းနည်းအားငယ်နေချိန်တွေမှာ အကူအညီမပေးနိုင်ပေမယ့်  အဝေးရောက်နေတဲ့  သူ့ ကို တမ်းတလွမ်းဆွတ်မိပါသလား။
၃။ သူနဲ့ ဖုန်းပြောဖူးတဲ့ အချိန်တွေကို အမြဲသတိရနေမိပါသလား။
၎။သီချင်းနားထောင်မယ်လို့ စိတ်ကူးလိုက်တိုင်း သူဆိုပြဖူးတဲ့ ( သို့ မဟုတ်) သူအမှတ်တရပေးထားတဲ့  သီချင်းကိုပဲ ရွေးချယ်မိနေပါသလား။
၅။သူ့ ကြောင့် သင် စိတ်ဆင်းရဲခဲ့ ဖူးပေမယ့်  သူပြန်ချော့ လိုက်တဲ့ အခါတိုင်း ပြန်လည် မေ့ပျောက်သွားနိုင်ပါသလား။
၆။သူ နေမကောင်းဖြစ်တယ်ဆိုတဲ့ အခါတိုင်း နေထိုင်မတတ်ဖြစ်အောင် စိတ်ပူနေမိပါသလား။
၇။သူ့ အတွက် အရာရာတိုင်းကို အဆင်ပြေအောင် စဉ်းစားပေးမိဖူးပါသလား။
၈။ သင့် ရဲ ပျော်ရွှင်မှုဟာ သူ့ အရယ်အပြုံးနဲ့  သက်ဆိုင်နေပါသလား။
၉။သူ့ ရဲ့ မွေးနေ့ ၊ ဖုန်းနံပါတ် (သို့ မဟုတ်) သူနဲ့ ပတ်သတ်နေတဲ့ အကြောင်းအရာတွေကို အမြဲမှတ်မိနေပါသလား။
၁၀။စိတ်ထဲက မပါတဲ့ စကားလုံးများနဲ့ ရန်ဖြစ်ခဲ့ ဖူးသော်လည်း သူစိတ်ဆင်းရဲသွားမှာကို စိုးရိမ်မိနေပါသလား။
၁၁။ သူသာ စိတ်ချမ်းသာမယ်ဆိုရင် ကိုယ်တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင် ပေးမယ်ဆိုတဲ့  ဆုံးဖြတ်ချက် ရှိဖူးပါသလား။
သူငယ်ချင်းမှာ ဒီလိုတူညီတဲ့  ခံစားချက် ရှိနေမယ်ဆိုရင်တော့  သင် သူ့ ကို ချစ်မိနေပါပြီ.....