၁။ သင် လုံးဝ အိပ်စက်အနားယူတော့ မယ်လို့  ဆုံးဖြတ်ချက်ချပြီး ခေါင်းအုံးပေါ် ခေါင်းချလိုက်ချိန်တွင် သင့်အာရုံတွင် သူ့ ပုံရိပ် သူ့အတွေးတွေ ပေါ်လာပါသလား။
၂။ သင် ၀မ်းနည်းအားငယ်နေချိန်တွေမှာ အကူအညီမပေးနိုင်ပေမယ့်  အဝေးရောက်နေတဲ့  သူ့ ကို တမ်းတလွမ်းဆွတ်မိပါသလား။
၃။ သူနဲ့ ဖုန်းပြောဖူးတဲ့ အချိန်တွေကို အမြဲသတိရနေမိပါသလား။
၎။သီချင်းနားထောင်မယ်လို့ စိတ်ကူးလိုက်တိုင်း သူဆိုပြဖူးတဲ့ ( သို့ မဟုတ်) သူအမှတ်တရပေးထားတဲ့  သီချင်းကိုပဲ ရွေးချယ်မိနေပါသလား။
၅။သူ့ ကြောင့် သင် စိတ်ဆင်းရဲခဲ့ ဖူးပေမယ့်  သူပြန်ချော့ လိုက်တဲ့ အခါတိုင်း ပြန်လည် မေ့ပျောက်သွားနိုင်ပါသလား။
၆။သူ နေမကောင်းဖြစ်တယ်ဆိုတဲ့ အခါတိုင်း နေထိုင်မတတ်ဖြစ်အောင် စိတ်ပူနေမိပါသလား။
၇။သူ့ အတွက် အရာရာတိုင်းကို အဆင်ပြေအောင် စဉ်းစားပေးမိဖူးပါသလား။
၈။ သင့် ရဲ ပျော်ရွှင်မှုဟာ သူ့ အရယ်အပြုံးနဲ့  သက်ဆိုင်နေပါသလား။
၉။သူ့ ရဲ့ မွေးနေ့ ၊ ဖုန်းနံပါတ် (သို့ မဟုတ်) သူနဲ့ ပတ်သတ်နေတဲ့ အကြောင်းအရာတွေကို အမြဲမှတ်မိနေပါသလား။
၁၀။စိတ်ထဲက မပါတဲ့ စကားလုံးများနဲ့ ရန်ဖြစ်ခဲ့ ဖူးသော်လည်း သူစိတ်ဆင်းရဲသွားမှာကို စိုးရိမ်မိနေပါသလား။
၁၁။ သူသာ စိတ်ချမ်းသာမယ်ဆိုရင် ကိုယ်တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင် ပေးမယ်ဆိုတဲ့  ဆုံးဖြတ်ချက် ရှိဖူးပါသလား။
သူငယ်ချင်းမှာ ဒီလိုတူညီတဲ့  ခံစားချက် ရှိနေမယ်ဆိုရင်တော့  သင် သူ့ ကို ချစ်မိနေပါပြီ.....
No comments:
Post a Comment