တစ်ခါတလေမှာ ချိုမြန်တဲ့စကားလေး တစ်ခွန်းထက်
နွေးထွေးတဲ့လက်တစ်စုံကို ငါလိုအပ်တယ်။
အဲဒီလက်က ပူပူနွေးနွေး အကြင်နာ ဟင်းတစ်ခွက်လို
ဆာလောင်သူကို စိတ်ခွန်အားတွေနဲ့ ပြည့်စေသတဲ့...
ဒီတစ်သက် ဒီဘဝမှာ ဒီလက်ကိုပဲ တွဲရမယ်လို့ အဓိဌါန်ချခဲ့သလား ထင်ရအောင်
ဘာကြောင့်မှန်းမသိ နင့်လက်ကိုပဲ ငါတွဲထားချင်မိတယ်။
နင့်လက်ကို ငါတွဲထားတယ်။တစ်ခါတလေ ဖြတ်တိုက်သွားတဲ့
လမ်းဘေးက လေရိုင်းရဲ့ အနှောင့်အယှက်တွေ ရှိပေမယ့်တွဲထားတဲ့ နင့်လက်မှာ အနွေးဓာတ်တွေ ရှိနေသေးရင်
လေရိုင်းတွေ ဘယ်လောက်ကြမ်းပါစေ ငါ မမှုဘူး။
နင့်ကို ငါချစ်တယ်နေရောင်ခြည်ကို ချစ်သလိုလေထုကို ချစ်သလိုရေငွေ့ကို ချစ်သလိုပင်လယ်ကို ချစ်သလို
ပန်းတွေကို ချစ်သလို
လောကကြီးကို ချစ်သလိုငါ့ကိုယ်ငါ ချစ်သလိုနင့်ကို ငါ ချစ် တယ်
လူတိုင်းမှာ စကားလုံးကိုယ်စီရှိတယ်ပုံပြင် ဇာတ်လမ်း ကိုယ်စီရှိတယ်။
ငါတို့မှာလည်း ငါတို့ ယုံကြည်ချက်တွေ ရှိတယ်
ယုံကြည်ချက်နဲ့ အပြုံးကိုယ်စီကို တွဲလက်နဲ့အတူ ငါတို့ဆုပ်ကိုင်ထားတယ်။
တွဲလက်ကို မဖြုတ်တမ်း လမ်းဆုံးအထိ ငါတို့လျှောက်နိုင်မလား?တစ်ခါတလေ ငါသံသယဖြစ်မိတယ်။ပထမဆုံးအကြိမ် ငါ့လက်ကို နင်စတွဲတဲ့ ဆောင်းမနက်ကို ငါမှတ်မိနေသေးတယ်။လှမ်းလာတဲ့နင့်လက်ကို အားပါးတရ ငါဆုပ်ကိုင်လိုက်တော့တုံးတိတုံးအနဲ့ နင် ရီနေခဲ့တယ်။
မျှော်လင့်ချက်များများ မထားရင်မျှော်လင့်ချက်မဲ့တာလည်း နည်းလိမ့်မယ်လို့ ငါထင်ခဲ့တယ်။ဒါကြောင့် တွဲလက်ကို ငါဖြည်လျှော့လိုက်ချိန်နင်က တင်းတင်း ပြန်တွဲထားလိုက်တယ်။အဲဒီနောက်....နင့်လက်ကို ဘယ်တော့မှ ငါ မဖြုတ်ဘူးလို့ ဆုံးဖြတ်လိုက်တယ်။
ပထမဆုံးအကြိမ် လက်တွဲစကနေ ခရီးလမ်းဆုံးအထိ ငါ့လက်ကို မဖြုတ်စတမ်းကျေးဇူးပြုပြီး နင် တွဲသွားပါနော် !
ကဗျာ မပီ၊ စာလည်း မမီပါ။ ဒါပေမယ့် စကားလုံးတွေကို ကြိုက်လို့ ဖတ်နေကျဆိုက်က (youthwant) ပုံနဲ့စာတွေကို ဒီဘလော့အထိ သယ်လာခဲ့ပါတယ်။ အလယ်က နာမည်ထိုးထားတဲ့ ပုံကလွဲရင် ကျန်ပုံအားလုံး google image နဲ့ youthwant မှာ ယူထားပါတယ်။
လက်ပြောင်း၊ လက်လွဲ မလုပ်ဘဲ... ကိုယ်ချစ်တဲ့လူရဲ့လက်ကို ခရီးလမ်းဆုံးထိ တွဲထားနိုင်ကြပါစေ