တစ်ခြားလူတွေ ရိုက်ထားတဲ့ စိတ်ကူးအတွေးကောင်းတဲ့ ပုံလေးတွေ မတင်ဖြစ်တာ ကြာပြီ။ သက်မဲ့ကို သက်ရှိအဖြစ်၊ သက်ရှိကို ပိုသဘာဝကျပြီး ဆွဲဆောင်မှုရှိအောင် တွေးခေါ်နိုင်တဲ့ သူတို့ရဲ့ဦးနှောက်ကို မချီးကျူးပဲ မနေနိုင်ဘူး။ ဒါကြောင့် မာတာတာ အိမ်ရိုက်သံချောင်းလေး နှစ်ချောင်းနဲ့ နွေးထွေးတဲ့ ပုံလေးအဖြင့် သူတို့အသက်သွင်းလိုက်တဲ့ ပုံတစ်ချို့ကို မျှဝေလိုက်ပါတယ်။

ဒီလိုမျက်နှာချင်းဆိုင် ထိုင်နေရတာကို နှစ်သက်တယ်။

တစ်ခါတလေတော့လဲ ကျောပေးပြီး စိတ်ကောက်ကြတာပေါ့။

သူတို့ကို အားကျပြီး ကိုယ်လဲအဖော်နဲ့အတူ ကြည်နူးချင်မိတယ်။

အချစ်လှေလေးကို စီးပြီး ဘ၀ပင်လယ်မှာ ငါတို့ မျှောလိုက်ကြမယ်။ ဘယ်တော့မှ ကမ်းမကပ်ကြေး...

ကိုယ့်ကို အခုလို ပုခုံးနဲ့ တောင့်ခံအားပေးထားတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်မိတယ်။

လှေကားထစ်မှာထိုင်ပြီး စိတ်ကူးတွေကို ဖော်ထုတ်ကြမယ်။ “ဆံဖြူသွားကျိုးတဲ့အထိ အခုလိုပဲ မင်းနဲ့အတူ နေသွားချင်တယ်”
No comments:
Post a Comment