
ငါ့ရင်ဘတ် တစ်ခုလုံး လောင်မြိုက်ပါစေ ကောင်လေးရယ်...
နောက်ကျမှ ရောက်လာတဲ့ တွေ့ဆုံခြင်းက
အချစ်ပျိုးပင်တွေကို နှုတ်သိမ်း
ပတ်ကြားအက် ငါ့ရင်တစ်ခုလုံးကို
အလွမ်းပျိုးတွေ ကျဲချခဲ့ပြီပေါ့...
ကောင်လေးရယ်....
အိပ်မောကျနေတဲ့ မျက်တောင်လေးတွေကို လွမ်းတယ်
ထုထုထည်းထည်း ရင်ခွင်ကျယ်ကြီးကို လွမ်းတယ်
ယုယဖေးမ တွဲခိုတတ်တဲ့ လက်မောင်းတွေကို လွမ်းတယ်
သံစဉ်မြူးကြွ တူတူတွဲကခဲ့တဲ့ ညကို လွမ်းတယ်
ကဗျာတွေ စာတွေရေး ကာရန်တွေ ညှိခဲ့ကြတဲ့ ညကို လွမ်းတယ်
ကောင်းကင်ပေါ်က လမင်းကိုငေး
ရင်ခုန်သံတွေ ဖလှယ်ခဲ့တဲ့ ညကို လွမ်းတယ်
မပီကလာ အသံတွေနဲ့
ဘာသာခြားစကားတွေ သင်ခဲ့ကြတဲ့ ညကို လွမ်းတယ်
လွမ်းတယ် ကောင်လေးရယ်...
မင်းကို လွမ်းတဲ့ အလွမ်းတွေက ပူလောင်တယ်ဆို
ငါ့ရင်ဘတ်တစ်ခုလုံး ကျွမ်းမြေ့လို့ လောင်မြိုက်ပါစေတော့ကွယ်...
No comments:
Post a Comment