Friday, July 30, 2010

ပုလင်းပေါ်မှာမောင်းပြတဲ့ ကား

ဘီယာပုလင်းတွေပေါ်မှာကားမောင်းပြတဲ
့တရုတ်အမျိုးသား...



Quirky China News
ဘီယာပုလင်းပေါ်မှာကားမောင်းပြတဲ့ အာဂယောကျာင်္း....
တရုတ်နိုင်ငံ၊ ၀မ်ကျိုးမြို့ မှအမျိုးသားတစ်ဦးဟာ စီတန်းလျက်ထောင်ထားတဲ့  ဘီယာပုလင်းတန်းနှစ်
ခုအပေါ်မှာမီတာ ၆၀ ( ၁၉၆ ပေ ) ကျော်မျှ ရင်သပ်ရှုမောဖွယ်ကားမောင်းနိုင်ခဲ့ 
လို့ ကမ္ဘာ့ ဂင်းနက်စ်
မှတ်တမ်းတင်ခံခဲ့ ရပါတယ်...
တရုတ်နိုင်ငံမြို့ တော် ဘေကျင်းမြို့ မှ စစ်တပ်ယာဉ်မောင်းသမား လီဂွေဝန်း
ဟာ ပုလင်းပေါင်း ၁၇၉၈ ခုထောင်ထားတဲ့ အပေါ်မှာ မီတာ ၆၀ အရှည်ခရီးကို
ရှစ်မိနစ်ခဲ့ ၂၈ စက္ကန့် ကြာအောင် တရုတ်နိုင်ငံ၊ ကျီကျန်းပြည်နယ်မှာ
မောင်းပြခဲ့ တာဖြစ်ပါတယ်...

လွန်ခဲ့ တဲ့ ၂၀၀၉ ခုနှစ်တုံးကလည်း ယခုစံချိန်ကိုတင်နိုင်ဖို့ ကျိုးစားခဲ
့ပေမယ့်  ထိုစဉ်က မိုးရွာသွန်း
နေခဲ့ မှုကြောင့် သူ့ ကားရဲ့ ညာဘက်ဘီးဟာ ပုလင်းတန်းပေါ်က ကျသွားခဲ
့ရပါတယ်...
သူ့  ရဲ့ မိတ်ဆွေ၊သူငယ်ချင်းများနှင့် အရက်သောက်ပြီးအလောင်းအစားပြုလုပ်ခဲ
့ရာက ယခုကဲ့သို့ 
ကမ္ဘာ့ မှတ်တမ်းဝင်နိုင်အောင်ပြုလုပ်ဖို့ စိတ်ကူးရခဲ့ သူ လီက " လွန်ခဲ့ တဲ
့နှစ်က မအောင်မမြင်ဖြစ်
ခဲ့ မှုအပြီးမှာကျွန်တော်ဟာ အစဉ်တစ်စိုက် လေ့ ကျင့် နေခဲ
့တာဖြစ်ပါတယ်...." လို့ ပြောကြားခဲ့ ပါ
တယ်...

မြှားပိုင်ရှင် သိစေရန်

မြှားပိုင်ရှင် သိစေရန်






ကမ္ဘာပေါ်မှာ

အင်္ဂါမစုံတဲ့ ပထမဦးဆုံးလူဟာ

နံရိုးတစ်ချောင်း လစ်လပ်နေတဲ့ အာဒံပဲဖြစ်လိမ့်မယ်


ကမ္ဘာပေါ်မှာ

အထူးဆန်းဆုံး ဒုတိယလူကတော့

နံရိုးတစ်ချောင်းကြောင့် လူဖြစ်လာတဲ့ ဧ၀ပဲပေါ့


ကမ္ဘာပေါ်မှာ

အလိုက်ကန်းဆိုး နားမလည်ဆုံး

သူဆိုရင်တော့ Cupid ဆိုတဲ့ သတ္တ၀ါပဲ


အာဒံနဲ့ဧဝ

Cupid ပစ်တဲ့ မြှားချက်မိခဲ့လို့လား

အာဒံ . . . ဧ၀ နဲ့ Cupid

သူတို့သုံးဦးမှာ ဘယ်သူ တရားခံလဲ


ကိုယ့်အထင်တော့ ဖူးစာရေးဆိုတဲ့ Cupid ကပဲ

စပ်စပ်စုစု မနေနိုင် မထိုင်နိုင်နဲ့

လူသားတွေရဲ့ နှလုံးသားကို ရှာဖွေခဲ့တာဖြစ်မှာ


သေချာပါတယ်

မျက်စိကို အ၀တ်ပုဝါနဲ့ စည်းနှောင်ထားတဲ့

Cupid ကပဲ သူ့ရဲ့မြှားကို မမြင်မကန်းနဲ့ ပစ်လွတ်တတ်လို့

ရင်ဘတ်ကြီးတစ်ခုလုံး ထုတ်ချင်းပေါက်

နှစ်ဦးနှစ်ဖက်ထိတဲ့ မြှားချက်တွေဆို တော်ရဲ့

တစ်ဖက်တည်းကိုသာ ထိအောင်ပစ်နိုင်တဲ့ မြှားချက်ဆိုရင်ဖြင့်

အဲ့ဒီမြှားချက်အောက်မှာ တစ်ဖက်သတ်အချစ်နဲ့ လူးလိမ့်ခံစားကြရမယ့်

ရင်ဘတ်တွေကို ငဲ့ညှာဖို့တော့ ကောင်းတယ်

Cupid နောက်ဆို မင်းရဲ့မြှားတွေကို

မဆင်မခြင်နဲ့ လက်လွတ်စပယ် မသုံးပါနဲ့ဟာ . . . . ။

ကြက်သီးထဖွယ် ရွှေရောင် ကိုယ်ခန္ဒာ အလှဆင် အနုပညာ





သြစတေးလျ အနုပညာရှင် Lucy McRae သည် သူမ၏ ကိုယ်ခန္ဒာပေါ်တွင် ရွေရောင် တွယ်ချိတ်များကို


ကော်ကပ် အသုံးပြု၍ ကိုယ်ခန္ဒာ အလှဆင် အနုပညာ (Body Art) တစ်ခုအား ကိုယ်ဟန်ပြ
ဖန်တီးခဲ့ရာ တွယ်ချိတ်များနှင့် ကြက်သီးထဖွယ် ရွှေရောင် ကိုယ်ခန္ဒာကို
မြင်တွေ့ရသည်။



Lucy McRae သည် ထိုသရုပ်ပြမှုကို ဘရာဇီးနိုင်ငံ Sao Paulo မြို့ရှိ ပုံရိပ်နှင့် အသံ အနုပညာ ပြတိုက် (Museum of Image and Sound) တွင်
ဇူလိုင်လ ၂၇ ရက်နေ့က ပြုလုပ်သည့် “Rojo Nova work in progress”
အစီအစဉ်တွင် သရုပ်ပြခဲ့ခြင်း ဖြစ်သည်။

ကြွေနေတဲ့ ခရေပန်းတောင် လေနမ်းမှာ မကြောက်ဘူး ကိုကို

ကြွေနေတဲ့ ခရေပန်းတောင် လေနမ်းမှာ
မကြောက်ဘူး ကိုကို



Friends18.com Orkut MySpace Hi5 Scrap Images



ခံစားချက်တွေက လူကြမ်းကြီးကိုတောင်
ကဗျာဆရာအဖြစ် အသက်သွင်းနေခဲ့ချိန် နဂို အသည်း နုနုလေးမှာတော့
ထွက်ပေါက်မရှိတဲ့ လှောင်အိမ်ထဲကို ရောက်လိုရောက်
နှလုံးသားထဲက ရသတွေပါလို့ ပြောနေသူတွေနဲ့
ဘ၀ ခရီးကြမ်းမှာ အောင်မှတ်လောက်သာ
ဖြေနိုင်သူတွေက မတူညီတဲ့ ဘ၀တွေကို
ရင်ဆိုင် ကျော်ဖြတ်ကြရင်း ပန်းတိုင်ကတော့ မျှော်လေတိုင်း ဝေး
မာရီယာနာရဲ့ ၀မ်းသာခြင်း ကစားနည်းကတောင် မကယ်တင်နိုင်တော့တဲ့
ဒီဘ၀မှာ ရိုလာကိုစတာ စီးနေရတာလောက်ကိုတော့ အနိမ့်အမြင့် ကြမ်းတယ်မထင်သေးဘူး

လှပခဲ့ဖူးတဲ့ သက်တန့် တစ်ခုပေါ်စာ
အချိန်လေးကို သက်တန့် တစ်ခု ကုန်ခါနီး
ထွက်သက်တွေ အထိတောင် အိပ်မက်မက် နေချင်သေးတဲ့
မှတ်ဥာဏ်တွေကြောင့် မသေဘဲ ၀ိညာဉ်တွေ လွင့်ချင်တိုင်း လွင့်လို့

ချစ်သူကို အရုပ်လေး အဖြစ် ဖန်ဆင်းပေးနိုင်ခဲ့ရင်

အာလာဒင် မြောက်ဝင်ရိုးစွန်းမှာ ရှိနေတယ် ကြားရုံနဲ့
လိုက်သွားမှာ သေချာတဲ့ ငါ့ကို မတားပါနဲ့ ( သိမ်းထားချင်လို့ပါ )
အရာ အားလုံး အစ ကနေ ပြန်စ ရရင် ဆိုတဲ့ စကား
လူကြီးမင်းကရော ပြောခဲ့ဖူး လေမလား မိတ်ဆွေ
ခုချိန်မှာ မလိုအပ်တော့တဲ့ အရာတွေက
တစ်ချိန်က ငါ ရူးသွပ်ခဲ့ရတာတွေပဲလေ
နောင်တ ရသူတွေချည်းသာ
ပလူတိုကို သွားကြ စတမ်းဆိုရင်
ဒီကမ္ဘာမှာ အရိုးက ထတွန် သံတွေ ဆိတ်သုဉ်းလို့
သံသရာမှာ အချစ် မရှိဘူးလို့ ဘယ်သူပြောလဲ
တစ်ခါလေး ပျော်ရုံနဲ့ တစ်ဘ၀လုံး ပျော်ရလိမ့်မယောင် ထင်ကြောင်နေတဲ့
ဦးနှောက် နှစ်ကန့်ချောင် လူစားမျိုးကို ကံဇာတ် ဆရာရေ ပို့ချင်တဲ့ ကူးတို့သာ ပို့

လူဦးရေ သန်းပေါင်း ခြောက်ထောင်ထဲ ကမှ
လိုချင်တာ တစ်ယောက်တည်းပါ ဆိုတာကို ကပ်စေးနှဲချင်တဲ့

ဖန် ဆင်း ရှင် . . . သင် ၀ဋ် လိုက် ပါ စေ သား

Sunday, July 18, 2010

ထူးဆန်းအံ့သြဖွယ်ရာရေပြင်ပေါ်မှအပေါက်ကြီးများ


ထူးဆန်းအံ့သြဖွယ်ရာရေပြင်ပေါ်မှအပေါက်ကြီးများ



အမှတ်တမံ ကြည့်မိမယ်ဆိုရင်တော့ ခေါင်းလောင်တစ်ခုရဲ့ နှုတ်ခမ်းဝနဲ့ ဆင်တူလှပါတယ် ။ အသေအ ချာလေ့ လာကြည့်မယ်ဆိုရင်တော့ ရေထဲက ကြီးမားတဲ့အပေါက်ကြီးတွေဟာ ဆည် (သို့မဟုတ်) ကန်ထဲက ရေစီး ဆင်းမှုကို ထိန်းချုပ်ဖို့နဲ့ အောက်ဖက်ဧရိယာမှာ ရှိတဲ့ ရေစီးကြောင်းတစ်ခုနဲ့ ဆက်သွယ်ဖို့အတွက်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ် ။ ဒီရေလွှဲတဲ့အပေါက်ကြီးတွေ (သို့မဟုတ် ) တွင်းနက်ကြီးတွေဟာ ရေကန်ကို ရေလွှမ်းမိုးမှုမှ ကာကွယ်နိုင်ပြီး ရေကန် သို့မဟုတ် ဆည်တွေ ပျက်ဆီးခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ် ။



ရေလွှဲလမ်းကြောင်းဆိုတာ ကန်တစ်ခုကနေ ရေစီးကြောင်းထွက်ပေါ်မှုကို ထိန်းချုပ်ဖို့ နဲ့ ရေအောက်ဧရိယာကို ရေလွှဲ ပေးဖို့ အထူးသဖြင့် မြစ်တစ်ခုကို တားဆီးပြီး ဆည်အဖြစ်ပြုလုပ်တဲ့အခါမှာ အလွန်ကို အသုံးဝင်ပါတယ် ။ ရေလွှဲအပေါက်ကြီးတွေဟာ ရေလျှံမှုမဖြစ်အောင်ကာကွယ်ပေးပြီး ရေတက်တဲ့အချိန် ရေလျှံတဲ့အ ချိန်တွေမှာ တောင်မှေ၇တွေဟာ ပုံမှန်အတိုင်း ဒီရေလွှဲလမ်းကြောင်းထဲကို စီးဝင်နိုင်ပါတယ် ။




အချို့အပေါက်ကြီးတွေဟာ ခေါင်းလောင်းကို ပြောင်းပြန်လှန်သကဲ့သို့ တည်ဆောက်ထားတာဖြစ်ပြီး အရပ် မျက်နှာ အကုန်လုံးက ရေတွေဟာ ညီတူညီမျှ စီးဝင်နိုင်ပါတယ် ။ အချို့ အလွန်အေးတဲ့ဒေသတွေမှာဆို ဒီ အ ပေါက် ကြီးတွေကို ရေမခဲသွားစေဖို့ ရေခဲခြင်းကို ကာကွယ်နိုင်တဲ့ အရာ (Ice - Breaking arrangements) တွေ နဲ့ ပြုလုပ်ထားရပါတယ် ။ ဒီအပေါက်ကြီးကို ရေတွေခဲပြီး ပိတ်ဆို့သွားခြင်းမှ ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ် ။



England နိုင်ငံ Derbyshire မှ အပေါ်ဖက် Derwent တောင်ကြားမှ ရေလှောင်တမံမှ ပုံများဖြစ်ပါတယ် ။ ဒီရေ လှောင်တမံဟာ ၀ိုင် (Y) ပုံသဏ္ဍာန်ရှိပြီး Ashop မြစ်ဟာ ဒီရေလှောင်တမံထဲကို အနောက်ဖက်မှ စီးဝင်ပါတယ် ။ Derwent မြစ်က တောင်ဖက်မှစီးဝင်ပြီး Howden ရေလှောင်တမံကို ဖြတ်သန်းပြီးလာခြင်းဖြစ်ပါတယ် ။ ပြီးမှ Derwent ရေလှောင်တမံကို ဖြတ်ပြီး နောက်ဆုံး Ladybower ရေလှောင်တမံထဲကို စီးဝင်ပါတယ် ။ အရှည် ကတော့ ၃ မိုင်ရှိပြီး အဲဒီရေလှောင်တမံတည်ဆောက်တဲ့အချိန်က ၁၉၄၃ ခုနှစ်ဖြစ်ပြီး ဗြိတိန်နိုင်ငံမှာ အကြီး ဆုံးရေလှောင်တမံဖြစ်ခဲ့ပါတယ် ။



Monticello ဆည်ကတော့ ကန်တစ်ခုဖြစ်ပြီး California နိုင်ငံ Napa မြို့မှာတည်ရှိပါတယ် ။ ၁၉၅၃ နဲ့ ၁၉၅၇ ကြားမှာတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ် ။ အမြင့်ပေ ၂၀၄ ပေ၇ှိပြီး အရှည်ကတော့ ၁၀၂၃ ပေရှိပါတယ် ။ ကယ်လီဖိုးနီးယားမှာရှိတဲ့ ဒုတိယအကြီးဆုံးကန်ကြီးလည်း ဖြစ်ပါတယ် ။












သက်တန့်ချို
19 May 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

ကမ္ဘာ့အမြင့်ဆုံး လေဖွင့် စက်လှေကား

ကမ္ဘာ့အမြင့်ဆုံး လေဖွင့် စက်လှေကား


ဂျပန်နိုင်ငံ Osaka မြို့တော်မှ Umeda Sky အဆောက်အအုံဟာ ခုနှစ်ခုမြောက် အမြင့်ဆုံး အဆောက် အအုံတစ် ခုဖြစ်ပြီး အိုဆာကာ မြို့တော်ရဲ့ ထင်ရှားတဲ့ အမှတ်အသား တစ်ခုလည်း ဖြစ်ပါတယ် ။ အဲဒီအ ဆောက်အအုံမှာ အထပ် ၄၀ မျှော်စင် ၂ ခါပါဝင်ပြီး သူတို့၂ခုရဲ့ အမြင့်ဆုံး အပိုင်းတွေကို လှေကားနဲ့ ဆက်သွယ် ထားပါတယ် ။ ပြီးတော့ နှလုံး အခန်းပုံသဏ္ဍာန် နေရာဖြစ်တဲ့ အလည်ခေါင်တည့်တည့်ကို ဖြတ်ပြီး စက်လှေကား တစ်ခု တပ် ဆင်ထားပါတယ် ။ စက်လှေကားဟာ မြင့်မားလွန်းတဲ့အတွက် သင် စီးနေစဉ်မှာ ကောင်း ကင်ယံမှာ လွင့်မျောနေသလို ခံစားရပါလိမ့်မယ် ။ အဲဒီစက်လှေကားရဲ့ ဆုံမှတ်ကတော့ မျှော်စင်၂ ခုကို တပြိုင် နက် တည်း ကြည့်ရှုလို့ရတဲ့ နေရာ လည်းဖြစ်ပါတယ် ။



Kita-ku ရဲ့ Umeda အပိုင်းမှာ တည်ရှိတဲ့ ဒီအဆောက်အအုံဟာ ၁၉၈၈ ခုနှစ်ကတည်းက City of Air ( လေမြို့ တော်) Project တစ်ခုအဖြစ် ကြံစည်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ် ။ ပြီးတော့အဲဒီအကြံအစည်ကို မြောက်ဖက် အိုဆာကာမှာ မျှော်စင်လေးခုကို အတွင်းပိုင်းတွေဆက်ခြင်းအားဖြင့် စတင်အကောင်အထည်ဖော် ကြံစည် လုပ်ဆောင်ခဲ့ပါတယ် ။ အမှန်တကယ်မှာတော့ လက်တွေ့လုပ်ဆောင်တဲ့အခါ မျှော်စင် လေးခုအစား နှစ်ခုကိုသာ ဆက်သွယ်ပြီး လေမြို့တော်ကို အကောင်အထည်ဖော်ခဲ့ပါတယ် ။









သက်တန့်ချို
17 June 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......................

ထူးဆန်းလွန်းသော အိမ်သာများ

ထူးဆန်းလွန်းသော အိမ်သာများ

ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဒီဇိုင်းဆန်းတဲ့ အိမ်သာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ် ။ အဲဒီမှာသွား ထုတ်ချင် ရင်ရင် တော့ ကြိုတင်ဘွတ်ကင်ယူထားကြပေါ့လေ ။ ခပ်မိုက်မိုက် ထူးဆန်းတဲ့ အိမ်သာတွေကို စပြီးလေ့ လာ ကြည့်ကြရအောင် ။

ဒီအိမ်သာကတော့ တမျိုးပဲ မှန်တွေနဲ့ အပြင်ကိုမြင်နေရပါတယ် ။ ဒီဇိုင်းကတော့ လန်ထွက် ဘယ်လို ထုတ်ကြ သလည်းတော့ သွားကြည့်ကြပါ ။


အောင်မငီးတခါထုတ်ဖို့အရေး ဒီလောက်သာ တောင်တက်ရရင်တော့လား လမ်းမှာတင်ထွက်ကုန်နိုင်တယ် ဟီး ။

ဘေးမှာ ကျောက်နံရံတွေနဲ့ မှန်အကြည်နဲ့ဆိုတော့ လုံးဝ Romantic ပါပဲ ။

သဘာဝ ရှုမျှော်ခင်းတွေကို ကြည့်ပြီး ထုတ်လို့ရတဲ့ နေရာလေးတစ်ခုပါ ။ တောင်တန်းတွေကို ငေးမောရင်း လေကောင်း လေသန့်ရှုရင်း စိတ်ချလက်ချသာ ..... ။

မိန်းကလေးများသာ ဆိုတော့ ဒီကျောက်ဆောင် နောက်က အိမ်သာ က ဘယ်လိုမျိုးပါလိမ့် ။

ဒီအိမ်သာကလည်း တမျိုးပါပဲ ။ ဘယ်လိုအသုံးပြုရသလည်းတော့ မသိပါဘူး ။

လေဆိပ်က ခေတ်မှီတဲ့ အိမ်သာ ဖြစ်ပါတယ် ။

မိုက်တယ်နော် အရှေ့မှာလည်း ကာထားတယ် ။ အနောက်လည်းမမြင်ရဘူး ။ ဟုတ်နေတာပဲ ။


အရပ်မြင့်တဲ့သူတွေအတွက်တော့ မကိုက်ပါဘူး ။ ခေါင်းငုံ့လိုက်ရင်ကွက်တိပဲ ။မဟုတ်ရင်တော့ ခေါင်းကြီး ပေါ်နေ မှာ အောက်ပိုင်းကတော့လုံသလားမမေးနဲ့ ။ အုတ်နဲ့ကို ကာထားတာနော် ။

သက်တန့်ချို
13 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......................

ရေထဲမှ Pamplona ကျွဲခတ်ပွဲတော်

ရေထဲမှ Pamplona ကျွဲခတ်ပွဲတော်

ရေထဲမှာကျင်းပတဲ့ ဒီပွဲတော်ကို Pamplona ကျွဲခတ်ပွဲတော်လို့ခေါ်ပါတယ် ။ အလွန်ကို အသက်အန္တရာယ်များပြီး ဒါဏ်ရာ ရဖို့ လက်တကမ်းမှာရှိပါတယ် ။ ဘာကြောင့် ဒီလိုအလုပ်ကိုလုပ်ရတာပါလဲ ။ နာမည်ကြီးချင်လို့လား ကျွန်တော် ကတော့ဒါကို စွန့်စားမှုတစ်ခုလို့ မမြင်ပါဘူး ။ရူးသွပ်တဲ့ အလုပ်တစ်ခုလို့ပဲ မြင်မိပါတယ် ။ ကဲ ဘာပဲ ပြောပြော ရင်ခုန်ဖွယ် ပွဲတော်ကို ကျွန်တော်တို့ကြည့်ကြရအောင်လား ။




ဝှေ့သာ ဝှေ့လိုက်လို့ရတော့ ကွာ တခါတည်းမျိုးတုန်းလောက်တယ် ဟင်း ။



ရေထဲထိတောင် လိုက်ခတ်တာနော် ။ ရှောင်နိုင်ရင်ရှောင်ကြပေတော့ ။



ရေထဲမှာ ဒီလိုကြိုးနဲ့ ဆွဲခေါ်လာတာ ။



ဝှေ့တာ မြင်မြင်သမျှပဲ ကဲ ကိုယောင်္ကျားတို့ မပြုတ်ချင်ရင် ပြေးကြပေတော့ ။



ကျွဲလည်းမွန်း လူလည်းမွန်း နော် ။



သည်းထိတ်ရင်ဖိုပါပဲ ။


သက်တန့်ချို
14 July 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်......................