မြှားပိုင်ရှင် သိစေရန်
ကမ္ဘာပေါ်မှာ
အင်္ဂါမစုံတဲ့ ပထမဦးဆုံးလူဟာ
နံရိုးတစ်ချောင်း လစ်လပ်နေတဲ့ အာဒံပဲဖြစ်လိမ့်မယ်
ကမ္ဘာပေါ်မှာ
အထူးဆန်းဆုံး ဒုတိယလူကတော့
နံရိုးတစ်ချောင်းကြောင့် လူဖြစ်လာတဲ့ ဧ၀ပဲပေါ့
ကမ္ဘာပေါ်မှာ
အလိုက်ကန်းဆိုး နားမလည်ဆုံး
သူဆိုရင်တော့ Cupid ဆိုတဲ့ သတ္တ၀ါပဲ
အာဒံနဲ့ဧဝ
Cupid ပစ်တဲ့ မြှားချက်မိခဲ့လို့လား
အာဒံ . . . ဧ၀ နဲ့ Cupid
သူတို့သုံးဦးမှာ ဘယ်သူ တရားခံလဲ
ကိုယ့်အထင်တော့ ဖူးစာရေးဆိုတဲ့ Cupid ကပဲ
စပ်စပ်စုစု မနေနိုင် မထိုင်နိုင်နဲ့
လူသားတွေရဲ့ နှလုံးသားကို ရှာဖွေခဲ့တာဖြစ်မှာ
သေချာပါတယ်
မျက်စိကို အ၀တ်ပုဝါနဲ့ စည်းနှောင်ထားတဲ့
Cupid ကပဲ သူ့ရဲ့မြှားကို မမြင်မကန်းနဲ့ ပစ်လွတ်တတ်လို့
ရင်ဘတ်ကြီးတစ်ခုလုံး ထုတ်ချင်းပေါက်
နှစ်ဦးနှစ်ဖက်ထိတဲ့ မြှားချက်တွေဆို တော်ရဲ့
တစ်ဖက်တည်းကိုသာ ထိအောင်ပစ်နိုင်တဲ့ မြှားချက်ဆိုရင်ဖြင့်
အဲ့ဒီမြှားချက်အောက်မှာ တစ်ဖက်သတ်အချစ်နဲ့ လူးလိမ့်ခံစားကြရမယ့်
ရင်ဘတ်တွေကို ငဲ့ညှာဖို့တော့ ကောင်းတယ်
Cupid နောက်ဆို မင်းရဲ့မြှားတွေကို
မဆင်မခြင်နဲ့ လက်လွတ်စပယ် မသုံးပါနဲ့ဟာ . . . . ။
How to deposit at a casino site - LuckyClub
ReplyDeleteThe key thing to know about online casino sites is that you will be able to deposit at any online casino. Before you deposit, you luckyclub will need