မကြောက်ဘူး ကိုကို
ခံစားချက်တွေက လူကြမ်းကြီးကိုတောင်
ကဗျာဆရာအဖြစ် အသက်သွင်းနေခဲ့ချိန် နဂို အသည်း နုနုလေးမှာတော့
ထွက်ပေါက်မရှိတဲ့ လှောင်အိမ်ထဲကို ရောက်လိုရောက်
နှလုံးသားထဲက ရသတွေပါလို့ ပြောနေသူတွေနဲ့
ဘ၀ ခရီးကြမ်းမှာ အောင်မှတ်လောက်သာ
ဖြေနိုင်သူတွေက မတူညီတဲ့ ဘ၀တွေကို
ရင်ဆိုင် ကျော်ဖြတ်ကြရင်း ပန်းတိုင်ကတော့ မျှော်လေတိုင်း ဝေး
မာရီယာနာရဲ့ ၀မ်းသာခြင်း ကစားနည်းကတောင် မကယ်တင်နိုင်တော့တဲ့
ဒီဘ၀မှာ ရိုလာကိုစတာ စီးနေရတာလောက်ကိုတော့ အနိမ့်အမြင့် ကြမ်းတယ်မထင်သေးဘူး
လှပခဲ့ဖူးတဲ့ သက်တန့် တစ်ခုပေါ်စာ
အချိန်လေးကို သက်တန့် တစ်ခု ကုန်ခါနီး
ထွက်သက်တွေ အထိတောင် အိပ်မက်မက် နေချင်သေးတဲ့
မှတ်ဥာဏ်တွေကြောင့် မသေဘဲ ၀ိညာဉ်တွေ လွင့်ချင်တိုင်း လွင့်လို့
ချစ်သူကို အရုပ်လေး အဖြစ် ဖန်ဆင်းပေးနိုင်ခဲ့ရင်
အာလာဒင် မြောက်ဝင်ရိုးစွန်းမှာ ရှိနေတယ် ကြားရုံနဲ့
လိုက်သွားမှာ သေချာတဲ့ ငါ့ကို မတားပါနဲ့ ( သိမ်းထားချင်လို့ပါ )
အရာ အားလုံး အစ ကနေ ပြန်စ ရရင် ဆိုတဲ့ စကား
လူကြီးမင်းကရော ပြောခဲ့ဖူး လေမလား မိတ်ဆွေ
ခုချိန်မှာ မလိုအပ်တော့တဲ့ အရာတွေက
တစ်ချိန်က ငါ ရူးသွပ်ခဲ့ရတာတွေပဲလေ
နောင်တ ရသူတွေချည်းသာ
ပလူတိုကို သွားကြ စတမ်းဆိုရင်
ဒီကမ္ဘာမှာ အရိုးက ထတွန် သံတွေ ဆိတ်သုဉ်းလို့
သံသရာမှာ အချစ် မရှိဘူးလို့ ဘယ်သူပြောလဲ
တစ်ခါလေး ပျော်ရုံနဲ့ တစ်ဘ၀လုံး ပျော်ရလိမ့်မယောင် ထင်ကြောင်နေတဲ့
ဦးနှောက် နှစ်ကန့်ချောင် လူစားမျိုးကို ကံဇာတ် ဆရာရေ ပို့ချင်တဲ့ ကူးတို့သာ ပို့
လူဦးရေ သန်းပေါင်း ခြောက်ထောင်ထဲ ကမှ
လိုချင်တာ တစ်ယောက်တည်းပါ ဆိုတာကို ကပ်စေးနှဲချင်တဲ့
ဖန် ဆင်း ရှင် . . . အ သင် ၀ဋ် လိုက် ပါ စေ သား
No comments:
Post a Comment