Sunday, July 18, 2010

အချစ်နဲ့ထိတွေ့ချိန်(ကဗျာလေးတပုဒ်ပါ)


ရင်ခုန်သံက သေဆုံးနေတယ်
သက်မဲ့ကျောက်ရုပ်တော့မဟုတ်ဘူး...။
အကြည့်တွေမှာ ပန်းခနေတယ်
နဂါးတစ်ကောင်ရဲ့ မျက်စောင်းတော့မဟုတ်ဘူး....။
ပန်းသီးတစ်လုံးရဲ့ကောက်ကြောင်းရှိနေတယ်
အချစ်စစ်တစ်ခုတော့မဟုတ်ဘူး...။
ဟန်ဆောင်ချင်းတွေ ပုဝါပါးနဲ့လွမ်းထားတယ်
ရင်းနှီးမှုတစ်စုံတစ်ရာအတွက်တော့မဟုတ်ဘူး...။
လေပြေညင်းတွေလည်းသိတယ်...။
ဂီတာအိုလေးလည်းသိတယ်...။
ကဗျာအပိုင်းအစလေးတွေလည်းသိတယ်..
မရည်ရွယ်ဘဲရေးဖြစ်သွားတဲ့ သီချင်းလေးလည်းသိတယ်...။
ဒါပေမဲ့.............
အချစ်ကိုသိချိန်မှာ
နတ်ဆိုးတွေရဲ့ ဘောင်ခတ်မှုလား..။
အချစ်စစ်ရဲ့ ပြစ်ဒဏ်လား..။
ငါဘာမှကိုမသိပါဘူး..။
ငါသိတာတစ်ခုကတော့.................

No comments:

Post a Comment