
Friday, April 30, 2010
အမှတ်တရ ဒီဇင်ဘာ

အံ့သြဖွယ်ရာ မြစ်တစ်ခုအောက်မှ နောက်ထပ်မြစ်တစ်ခု




နှုတ်ဆက်အလွမ်း
ကိုယ်တို့အတွက် ......
ထူးဆန်းထွေလာ
ထူးဆန်းအံ့သြဖွယ်ရာ မြန်မာနိုင်ငံမှ မြင်ကွင်းတစ်ခု

ဘာထူးခြားမှုကို သင်တွေ့ပါသလဲ ။
အခုပုံကို အတည့်အတိုင်း ထောင်ကြည့်လိုက်ပါ ။

သဘာဝတရားကို လေးစား ချစ်ခင်မြတ်နိုးပါ ။ တန်ဖိုးထားပါ ။
Thursday, April 29, 2010
ထိတ်လန့်အံ့သြဖွယ်ရာစားသောက်ဆိုင်
ပထမဦးဆုံး ခရီးဆုံးထိရောက်ဖို့ကိုတော့ သင်အားမွေးထားရမယ်နော်... ။

ပထမဆုံး တောင်ကုန်းပေါ်ကို ဒီလို ကောင်းကင်ရထားတွေနဲ့ အရင်သွားကြရမယ် ။ အောက်ကိုတော့ ငုံမကြည့်မိစေနဲ့ နက်ရှိုင်းတဲ့ အသူရာ ချောက်တွေရှိတယ် ။

ဒီလမ်းကြောင်းလေးကနေသွားကြရမှာနော်... ။

သင့်ရှေ့တည့်တည့်ကလူကိုပဲ တစိုက်မတ်မတ်ကြည့်ပါ ။ ဘေးဖက်ကိုယောင်လို့တောင်မကြည့်မိစေနဲ့ ။ မူးဝေပြီး ပြုတ်ကျသွားနိုင်ပါတယ် ။ စွန့်စားလိုသူတို့ အကြိုက်ပေါ့နော် ။

အကယ်၍ သင့်အရှေ့ကလူက ကိုယ့်ဆီကိုပြောင်းပြန်ပြန်လာနေရင် သတိထားပါ ။လမ်းကကျဉ်းလွန်းတဲ့အတွက် အခက်အခဲတွေ့နိုင်ပါတယ် ။

ဆက်ပြီးကြိုးစားထားကြ သူငယ်ချင်းတို့ နောက် အဆင့်အနည်းငယ်ဆို စားသောက်ဆိုင်ကို ရောက်ပါတော့မယ် ။

ဒီနေရာကတော့ အသဲငယ်သူတို့ လှည့်ပြန်ရမယ့်နေရာပါပဲ ။ အပေါက်လေးတွေထဲကို ခြေချောင်း တွေထည့်ပြီးသွားရမှာ ဖြစ်ပါတယ် ။ အောက်ဖက် ကကျောက်ကမ်းပါးကတော့ အလွန်ကို နက်ရှိုင်းပါတယ် ။

ကဲ...အပေါ်ကိုရောက်တော့မယ်ဟေ့ ကြိုးစားထား...!!!!!

နောက်ဆုံးမှာတော့ တွေ့ရတဲ့မြင်ကွင်းအတိုင်းပါပဲ ။ ထိတ်လန့်တုန်လှုပ်ဖွယ် လမ်းကိုဖြတ်သန်းပြီးမှ ဒီစား သောက်ဆိုင်လေးကိုရောက်မှာ ဖြစ်ပါတယ် ။ အကယ်၍သင်ရောက်အောင်သွား နိုင်ခဲ့လျှင် အစားအ သောက် အား လုံးက Free (ဖရီး) ဖြစ်ပါတယ် ။
ကဲသူငယ်ချင်းတို့ ဘယ်သူတွေလိုက်ကြမလဲ ဒီကအစားအသောက်တွေဘယ်လိုအရသာရှိလည်းဆိုတာ သွားပြီး မြည်းကြည့်ရအောင် ...သွားကြမယ်ဟေ့ !!!!!
သူမ
လေအဝှေ့မှာ...
ကျနော့ရင်ခုန်သံတွေ...
ပျော်မြူးယိမ်းထိုးနေလို့.....
နတ်ဆရာအသက်သွင်းသလို....
ဒီရာစုနှစ်တွေအောက်....
ကျနော့...စနစ်တွေပျောက်ဆုံးကုန်တယ်....
တုန်ခါလွန်းတဲ့...
ဘယ်ဘက်ရင်အုံအခြမ်းက...
တခါတခါ....အရာခပ်သိမ်း....
ကင်းမဲ့တိတ်ဆိတ်လို့.....
အာဒံ...ဧ၀ ပြောသလိုဆို...
သူမဟာ....
ကျနော့ နံရိုးတစ်ချောင်းပေါ့....
မင်းအတွက် မလုံလောက်ဖူးဆိုရင်....
ဒီနံရိုးအောက်က...
နှလုံးသားအဖြူတစ်ခုကိုပါ....
ယူဆောင်ခွင့်ရှိတယ်...
ရင်ခုန်ခြင်းအတတ်ပညာနဲ့...
မင်းကျောင်းတော်ဝင်ခွင့်...
ငါ....အခါခါကျရှုံးနေတုန်းပဲ...
ခေါင်းလောင်းထိုးသံကြားတိုင်း...
ဒီကျောင်းသား....ကြောက်လန့်နေတုန်း...
ဝင်ခွင့်ပေးပါကွယ်....
မင်းနှလုံးသား.... လေးခန်းထဲက
ချောင်တနေရာရာပဲဖြစ်ဖြစ်...
ငါ....ခိုလှုံခွင့်ရချင်တယ်...
အလွမ်းဖွဲ့တေးတွေလည်း....
အသံတွေတောင်..ခြောက်ကပ်လို့...
ငါ့...ဗီးနပ်ရယ်....
ဒီဥယျာဉ်ကြီးထဲ...
ငါက...ပန်းပျိုးယုံပါ...
မင်း...ခူးချင်ခူး...
ခြေချင်ခြေ....
မင်းစေရာပေါ့....
စေတနာရှိခဲ့ရင်....
ဒီငမိုက်သားကို...
ရေလောင်းပေါင်းသင်ပေးပါ....
ဖြူစင်ခြင်းရဲ့..အနက်ရှိုင်းဆုံးမှာ....
သူမ...တွေ့ဖူးခြင်းမရှိသေးတဲ့...
တလှပ်လှပ်နှလုံးခုန်သံတွေရှိတယ်....
ဒီအချစ်တွေအတွက်.....
ပစ်ဒဏ်ချမယ်ဆိုရင်တောင်....
အယူခံလေးတော့ပေးဝင်ပါ....
"ကျနော့ကို...သူမနှလုံးသား..
တိုက်တစ်ခန်းမှာ...
တစ်သက်တစ်ကျွန်းချပေးပါ..."
ကွမ်းတရာ..ရေတမှုတ်...
ဒီအာဟာရတွေလည်း...မလိုအပ်ပါဘူး...
တစ်သံသရာလုံး...
လုံလောက်ငြိမ်းချမ်းစေမယ့်....
သူမ...အကြည့်တချက်လေးပဲ....
ပေးသနားတော်မူပါ...
မိုးသည်း
မိုးကသည်းလွန်းတယ်....
စိုရွှဲနေတဲ့....
မင်းနှလုံးသားတွေ.....
မပြင်ဆင်ထားတဲ့.....
ငါ့အိပ်မက်ထဲ....၀င်လာခဲ့တယ်.....
အုံ့မှိုင်းနေတဲ့ကောင်းကင်.....
လျှပ်ပန်းလျှပ်နွယ်တွေနဲ့.....
ဘ၀တစ်ခုလုံး ' လင်း ' သွားတယ်.....
အဲဒီမိုးထဲမှာပဲ....
ငါ့ဝိဥာဉ်တစ်ခု....
စီးမျောလိုက်ပါသွားခဲ့တယ်....
စံပယ်ဖြူတွေတောင်....
မင်းကိုစောင့်မျှော်လို့......
ဒီမိုးထဲမှာလေ.....
ဘာရယ်မဟုတ်ပါဘူး...ကောင်မလေးရယ်....
ငါကိုက.....သည်းလွန်းခဲ့တာ.....
အရောင်မဲ့ အချစ်
အချစ်က....
အပြာရောင်ဆန်တယ်လို့....
ခင်ဗျားကိုဘယ်သူပြောလဲ....
အရင်ထဲက...ကြည်လင်နေတဲ့အရာကို....
အရောင်တွေမဆိုးလိုက်ကြပါနဲ့.....
အပြာတွေ....
အနီတွေ.....
ပန်းနုရောင်တွေ....
နောက်ဆုံး...ရောထွေးကုန်ပြီး...
အချစ်ဟာလည်း...ကာလာဘလိုင်းဖြစ်သွားတယ်...
ကျနော်ကတော့...သူ့နဂိုအတိုင်း...
ကြည်လင်သန့်ရှင်းနေတဲ့အရောင်....
အချစ်ကို....ဘာနဲ့မှရောမထားဘူး....
ဒါပေမယ့် .... လွမ်းလို့ ...
- အရက်ကို ခုတုံး လုပ်ရအောင် ..
- နင်က ဘယ်လောက်လှလို့လဲ ..
- chatting ထိုင်မယ့်အစား ..
- အရက်သောက်ပစ်လိုက်မယ်
- နင်နဲ့ PHONE TALK မယ့် အစား ...
- အမြည်း ထပ်မှာပလိုက်မယ် ...
- ဒါပေမယ့်........
- နင့်ကို .... လွမ်းမလို့ ဆိုတာတော့ .. ငါ ၀န်ခံပါတယ် ...
ကြောယ်တယ်
သံယောဇဉ်အပူတွေနဲ့
ငါ့ကိုနောက်သလိုပြောင်သလို
လာမလောင်ကျွမ်းပါစေနဲ့ကွာ
အငွေ့ ပျံပျောက်ဆုံးသွားမှာ
ငါကိုယ်ငါ မစိုးရိမ်ပါဘူး
ကောင်းကင်မှာ ငွေ့ ရည်ဖွဲ့ ပြီး
မြေပြင်ပေါ်ပြန်လည်ရွာချတဲ့အခါ
မင်းစိုဆွတ်သွားမှာပဲ
ငါသေလောက်အောင်ကြောက်တယ်........
Wednesday, April 28, 2010
အကောင်းဆုံးနှင့် အလှဆုံး
မောက္ခ
အကောင်းဆုံးနဲ့ အလှပဆုံး အရာတွေဟာ မြင်လည်းမမြင်ရသလို
ကိုင်တွယ်ထိတွေ့လို့လည်း မရပါဘူး။ ….ဒါပေမယ့် နှလုံးသားထဲမှာသာလျှင်
ခံစားနိုင်တာပါ။
ဟဲလန်ကဲလား (၁၈၈၀-၁၉၆၈)
ဆွံ့အနားမကြား-မျက်မမြင်၊ စာရေးဆရာ၊ ပညာရှင်
The best and most beautiful things in the world cannot be seen, nor touched ... but are felt in the heart.
Helen Keller (1880 - 1968)
Last Updated ( Thursday, 22 April 2010 21:47 )
...http://www.maukkha.org/ မှ
ဘူတာရုံနဲ့တူတဲ့ ကောင်မလေး မင်းခိုက်စိုးစန်
ငါ့ သံယောဇဉ်တွေ
ခုတ်မောင်းထွက်ခဲ့တာ မဟုတ်ပေဘူး
အဲဒီစောင့်ကြိုနေဖို့ စိတ်ကူးမရှိတဲ့
ငါ့ရဲ့ဘူတာရုံလေးရေ . . လွမ်းတယ် . .။
အရမ်းကြီးမဟုတ်ပေမယ့် . . တစ်ခါတစ်ခါ
ယောက်ျားတစ်ယောက်မှာလည်း
စိတ်အားငယ်ခွင့်ရှိတာပဲ မဟုတ်လား။
ပန်းသီးတွေ ခါးတဲ့ကာလက
ရှည်လျားလှချည်လားကွယ် . .
ပြောပါ . .
မင်း ငါ့ကို ဘယ်တော့ အိပ်မက်မက်မှာလဲ
မင်းပိုင်ဆိုင်တဲ့ အိပ်စက်ခြင်းရဲ့ တံစက်မြိတ်အောက်မှာ
ငါ..
တိတ်တိတ်ကလေး ရပ်စောင့်နေတာ
ကြာပြီလေ . . .။
ဣနြေ္ဒစိမ်းစိမ်းတွေ လိမ်းသုတ်
ချစ်ခြင်းတွေ
ကုန်တင်ကုန်ချလုပ်ခွင့်မပြုတဲ့
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
မင်းရဲ့ ဘူတာရုံလေးဆီ . .
. . လာမယ် . .။
ဟောဒီ့ကောင် . . ရင်ဘတ်တစ်ခြမ်းနဲ့
ကိုယ့်သံလမ်းကိုယ်ဖောက်ခဲ့တာပါ . .
. . နောက်ကျသွားတယ်။
အလွမ်းတွေ စိုက်ခင်းတစ်ခုလုံး ပွင့်တဲ့အချိန်မှာမှ
ငါ ဆိုတဲ့ကောင်က
တည့်တည့်ကြီး ရောက်ချသွားခဲ့တာပေါ့ကွယ် . .။
သစ်ပင်ပေါ်မှ စားသောက်ဆိုင်..japan
ထူးဆန်းပြီး လှပတဲ့ စားသောက်ဆိုင်လေးအဖြစ် တစ်ကမ္ဘာ လုံးက
အသိအမှတ်ပြုထားပါတယ် ။ သစ်ပင် အပေါ်မှာ တည်ဆောက်ထားတဲ့အတွက်
စားသုံးသူ တွေကို တစ်မျိုး တစ်ဖုံ ဆွဲဆောင်နေပြန်ပါတယ် ။
ဒီစားသောက်ဆိုင်လေးဟာ ဟိုင်းဝေး ၅၈ Onoyama ပန်းခြံမှာ တည်ရှိပါတယ် ။
နာမည်ကတော့ Okinawa Tree-House Restaurant ပဲဖြစ်ပါတယ် ။
ဂျပန်မှာနေတဲ့ .........山崎 雄 介............ပြောတာကတော့ အိုကီနာဝါရဲ့ Naha City, 58TH Hiway Road,US Military Base နဲ့ မျက်နှာချင်းဆိုင်မှာရှိပါတယ် .. လေဆိပ်ကနေ သိပ်မဝေးတဲ့အတွက် သွားရတာ
အဆင်ပြေမှာပါ .. နောက်ပြီး US Base ရဲ့ တဖက်မှာတော့ ပင်လယ်ပါ .. ဒါကြောင့်
မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် ချစ်သူနဲ့ဖြစ်ဖြစ် ညနေ စောင်းလေး မှာ ထိုင်ရင်
အဆင်ပြေသင့်တော်မှာပါ .. သြော် စနေ တနင်္ဂနွေဆိုရင်တော့ Reservation System
ဖြစ်တာများတယ်နော် .. သစ်ပင်ကတော့ ကွန်ကရစ်နဲ့ ဆောက်ထားတာပါ .. အစစ်တော့
မဟုတ်ပါဘူး .. ဗိသုကာမြောက်ပါတယ် .. သွားချင်တဲ့သူငယ်ချင်းများအတွက်
လမ်းညွှန်ပေးတာပါး))...တဲ့ ...
မင်းတို့မုန်းတဲ့ ဒဿ
ချယ်မှုန်းမထားတဲ့
“ရာမ” ဇာတ်တော်ထဲက “ဒဿ”...
လူကြမ်းစိတ်ကြမ်းပေမယ့်
နုနယ်တဲ့ အသည်းနဲ့
ရင်မဆံ့အောင် ခံစားခဲ့ရတဲ့“ဒဿ”...
“သီတာ”ရဲ့အလှ “ဒဿ”ရဲ့ဘ၀မှာ
သူမတူတဲ့ အစွဲအလန်းနဲ့
ရင်ကွဲအောင် ချစ်ခဲ့မိသူအဖို့
အများနဲ့ ယှဉ်နွှဲတဲ့
လေးတင်တဲ့ ပွဲမှာ
အခါအခွင့် သင့်လို့
ဦးဆုံးသူ ဖြစ်ခဲ့ပေမယ့်
ဖူးစာလွှဲ ရေစက်နည်းတာမို့
“ရာမ” ကို အရှုံးပေးခဲ့ရတယ်လေ...
သနားသင့်တာက
ရာဇ၀င်ထဲက လူကြမ်း
ရာဇ၀င်ထဲက အလွမ်းနဲ့
လူတွေရဲ့ စာနာမှုကို
အသက်ဆုံးသည်အထိ မရလိုက်တဲ့
“ရာမ” ဇာတ်တော်ထဲက
“မင်းတို့မုန်းတဲ့ ဒဿ ”တစ်ယောက်တည်းပါပဲ...
..........နှလုံးသားစာမျက်နှာ.........
မှာနာကျင်စွာဝေဒနာတွေနဲထု
ဆစ်ထားတဲ့အိမ်မက်လေးရယ်
ဘယ်ဆီမှာဖွေရှာရမယ်မသိ
တဲ့မျှော်လင့်ချက်နဲ့ပြန်ဆုံရန်
အခွှင့်ရှိသေးတယ်ဆိုတဲ့ဆန္ဒက
ယုံကြည်စွာစောင့်ကြိုနေပေမဲ့
ပြင်ဆင်ချိန်မရတဲ့ကံတရားအ
ဆုံးရဲ့အစလွမ်းဆွတ်ကြွေကွဲ
စရာအပိုင်းအစများစွာအတွက်
ကိုယ်တိုင်ဖွင့်ဖတ်မဖြစ်နှလုံးသား
စာမျက်နှာအဖြစ်သာရှိနေနှင့်
ခဲ့ပြီကွယ်...................။
အမှန်အတိုင်းပဲ ဖြေပါ
ကြယ်တွေကို
ခူးမပေးနိုင်ခဲ့ပေမယ့်
ထီးကလေးမိုးပေးခဲ့ဖူးတယ်
နင့်ခေါင်းမှာပန်းတွေဝေနေအောင်
ပန်မပေးနိုင်ပေမယ့်
နင့် ဆံပင် ဖြောင့်တော့
ငါလိုက်ပို့ပေးခဲ့တယ်
နင့်အတွက်
စနေဒေါင့်မှာပန်းမလှူဖူးပေမယ့်
ညအိပ်ယာဝင်တိုင်း
မင်းအတွက်ဆုတောင်းခဲ့တယ်
မင်းကရော ငါ့အတွက်
ဘယ်နှခါပြုံးပြဖူးသလဲ
လေပြည် မစိမ်းကားပါနဲ့
အချစ်ဦးရယ်မို့
ရူးတယ်လို့ဆိုချင်ဆို
နှလုံးသားရဲ့ ဆန္ဒအလိုကြောင့်
မင်းလေးကို အချစ်ပိုခဲ့လို့
မခံစားဖူးတဲ့ ငါ့နှလုံးသား
ရင်ခုန်သံ ခပ်များများနဲ့
မင်းအနားကို ကပ်ခဲ့ပေမယ့်
မင်းအလှက တည်ငြိမ်တော့
ငါ့စိတ်ကရှိန်တာပေါ့..
ဒီတော့..
သီကုံးထားတဲ့ ချစ်စကား
ကို့ယို့ကားယား ထွက်တာမို့
မပြေပြစ်
အခြေအမြစ် မရှိဘူးရယ်လို့
မစိမ်းကားပါနဲ့
စကားအသွား တိမ်းစောင်းပေမယ့်
ရင်မှာအမြဲ ကိန်းအောင်းနေတာ
မင်းတစ်ယောက်တည်းဆိုတာတော့ သေချာတယ်..
Friday, April 16, 2010
တစ်နေ့တစ်မိနစ် ပွေ့ဖက်ပါ
ဒါပေမယ့် လင်နဲ့မယား၊ လျှာနဲ့သွား ဆိုသလို အိမ်ထောင်သက် ရင့်လာတာနဲ့အမျှ သူတို့မှာ ကတောက်ကဆတ်တွေ ရှိလာခဲ့တယ်။ နေ့လယ်အလုပ်မှာ သူ ပင်ပန်းခဲ့တယ်။ ညမှာ သူမ ကလေးပြုစု စောင့်ရှောက်ရတယ်။ သူတို့ဇနီးမောင်နှံ နှစ်ယောက်ကြားက ကြင်နာယုယမှုတွေ တစ်နေ့ထက်တစ်နေ့ လျှော့နည်းလာခဲ့တယ်။ သူတို့ရဲ့ ဆက်ဆံမှုက တစ်ခါတလေမှာ ရေခဲမှတ်ထိတောင် အေးစက်သွားခဲ့တယ်။
တစ်နေ့ သူ့ကို သူမ တစ်ခုတောင်းဆိုခဲ့တယ်။
"ကျွန်မတလေးတစားနဲ့ တစ်ခုလောက် တောင်းဆိုချင်ပါတယ်"
"ဘာတောင်းဆိုမှာလဲ" သူ စိတ်မရှည်စွာ မေးတယ်။
"ကျွန်မကို တစ်နေ့တစ်မိနစ်လောက် ပွေ့ဖက်ပါ"
"လိုအပ်လို့လား?" သူမကို သူတစ်ချက်ကြည့်ပြီး ခနဲ့တဲ့တဲ့မေးတယ်။
"လိုအပ်လို့ ကျွန်မတောင်းဆိုတာပါ။ ရှင်က ကျွန်မကို မယုံသင်္ကာနဲ့ ပြန်မေးတဲ့အတွက် ပိုလို့ လိုအပ်ပါတယ်"
"အကြင်နာတွေကို ရင်ထဲမှာပဲ ထားတယ်.. ထုတ်ဖော် ပြောပြစရာမလိုပါဘူး"
"တကယ်လို့ အရင်တုန်းက ချစ်တာကို ရှင်ထုတ်ဖော် မပြောခဲ့ရင် ကျွန်မတို့ ယူဖြစ်ကြမယ် မထင်ဘူး"
"အရင်ကအရင်လေ အခုဆိုရင် ပိုတည်ငြိမ်သွားပြီ မဟုတ်လား?"
"ထုတ်မပြောတိုင်း ပိုတည်ငြိမ်သွားမှာ မဟုတ်သလို ထုတ်ပြောတိုင်း ဟန်ဆောင်တာတွေ မဖြစ်နိုင်ဘူး"
နှစ်ယောက်သား သူတစ်ခွန်း ငါတစ်ခွန်းနဲ့ စကားများကြတော့တယ်။ နောက်ဆုံးတော့ စစ်အေးမီးငြိမ်းအောင် သူပဲ အရင် အလျှော့ပေးလိုက်ပါတယ်။ အနားနားသွားပြီး သူမကို တစ်မိနစ်ကြာ သူဖက်ထားလိုက်တယ်။
"အဓိပ္ပါယ်မဲ့တဲ့ မိန်းမပဲ" သူမကို ပွေ့ဖက်ပြီး သူရယ်ကျဲကျဲ ပြောတယ်။
"အချစ်နဲ့ ပတ်သက်လာရင် မိန်းကလေးတွေက အဓိပ္ပါယ်မဲ့တတ်ကြတာပဲ"
အဲဒီနောက် နေ့တိုင်း သူမကို တစ်မိနစ်ပွေ့ဖက်ဖို့ သူအချိန်ပေးခဲ့ရတယ်။
နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ချိန်မှာ သူတို့ ဘာမှမပြောဘဲ နုတ်ဆိတ်နေခဲ့ကြပေမယ့် သူတို့ရဲ့ဆက်ဆံရေးက တဖြေးဖြေး သဟဇာတ ဖြစ်လာခဲ့တယ်။ ဒီလိုနုတ်ဆိတ်ခြင်းက မပွေ့ဖက်ခင် နုတ်ဆိတ်ခြင်းနဲ့ စိတ်ခံစားချက်ရော၊ အဓိပ္ပါယ်ပါ ကွဲပြားခဲ့ပါတယ်။
ဒီလိုနဲ့တစ်နေ့မှာ သူမ ခရီးဝေးသွားဖို့ ကြုံလာခဲ့တယ်။ ရထားမထွက်ခင် သူ့ကို သူမက...
"ကျွန်မကို ပွေ့ရမယ့် တာဝန်တစ်ခု ခဏလောက်တော့ ရှင်ကင်းလွတ်သွားတာပေါ့နော်"
"ဟင့်အင်း.. ငါ မင်းကို ဖက်ချင်နေမှာ" သူရယ်ရင်းပြောတယ်။
တကယ်ပဲ နောက်တစ်ရက်မှာ သူ့ဆီကဖုန်းကို သူမ လက်ခံရခဲ့တယ်။ ဖုန်းပြောရင်း သူမရဲ့ မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံနေခဲ့တယ်။
တစ်ယောက်ကိုတစ်ယောက် ချစ်ခင်ကြင်နာခဲ့သူနှစ်ဦးရဲ့ ဒေါသတွေ အချင်းချင်း ပွတ်တိုက်မိကြပြီးဆိုရင် အိမ်ထောင်ရေးက တောသူမတစ်ယောက်လို ဆွဲဆောင်မှု နည်းသွားတတ်တယ်။
လူတွေက အိမ်ထောင်သက် ရှည်လာတာနဲ့အမျှ အကြင်နာ၊ အယုယတွေ လျှော့နည်းလာတတ်သလို၊ တစ်ယောက်အပေါ်တစ်ယောက် ယုယမှုတွေ မလိုတော့ဘူးလို့လည်း ထင်မြင်လာတတ်ကြတယ်။ မယူခင် နှစ်ရှည်လကြာ အရူးအမူး ချစ်ကြိုက်ခဲ့တဲ့ အချစ်နဲ့ခံစားချက်ကို တဖြေးဖြေး မေ့လျှော့ခဲ့လိုက်ကြတယ်။ ချစ်စ၊ ကြင်နာစက ရှိခဲ့ဖူးတဲ့ ရင်ခုန်သံကို တစ်နေ့တခြား ပျက်ဆီးအောင် ဖျက်ဆီးပစ်လိုက်ကြတယ်။
တကယ်လို့ အချစ်ကို တစ်နေ့ထက်တစ်နေ့ ပိုတိုးပွါးအောင် လုပ်ဆောင်နိုင်ခဲ့ရင် ကျွန်မတို့ရဲ့စိတ်နှလုံးထဲမှာရှိတဲ့ အချစ်က ဘယ်တော့မှ အေးစက်ကုန်ဆုံး ပျက်ဆီးသွားမှာ မဟုတ်ပါဘူး။
"ချစ်တယ်" "ကျေးဇူးတင်ပါတယ်" ဒါမှမဟုတ် နွေးထွေးတဲ့ အပြုအမှုလေး တစ်ခုထဲတင် ကိုယ်ချစ်တဲ့သူရဲ့ နှလုံးသားကို ပျော်ရွှင်ကြည်နူးစေနိုင်သလို အဓိပ္ပါယ်အများကြီး သက်ရောက်အောင်လည်း ပေးနိုင်စွမ်းပါတယ်။
ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်

(၂) အချစ်ဆိုတာ ကိုယ့်နှလုံးသားကို သူ့ဆီမှာပဲထားတယ်။ ထွက်မပြေးဘူး၊ လျှောက်မပြေးဘူး၊ သူ့နှလုံးသားထဲမှာပဲ ကိုယ့်နှလုံးသားကို ထာဝစဉ် လဲလျောင်းစေတယ်။
(၃) "ချစ်တယ်" ဆိုတဲ့စကားက လူကိုနွေးထွေးဖို့ လုံလောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီစကားက တစ်ဖက်သတ်မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် နှလုံးသားချင်းထပ်ရတယ်။
(၄) နင်သိလား! ကိုယ့်ကိုနားလည်တဲ့လူကို ရှာဖို့ရာ မလွယ်ကူဘူး။ ဒါပေမယ့် ငါကံကောင်းခဲ့တယ်။ ဘုရားသခင်က ငါ့အတွက်မင်းကို စွန့်ကျဲခဲ့တယ်။ ရိုးရိုးရှင်းရှင်းစကားကို ငါအားမနာတမ်းပြောချင်တယ် "နင့်ကိုချစ်တယ်"...
(၅) နင့်ကိုချစ်တာ ခံစားမှုတစ်မျိုး၊ နင့်ကိုလွမ်းတဲ့အလွမ်းက ငါ့ကိုပျော်စေတယ်၊ နင့်ကိုဖက်ထားရတာ ငါ့အတွက် မှီခိုမှုတစ်မျိုးပေါ့။ နင့်ကိုနမ်းတော့ ကြည်နူးရတယ်။ နင်ဟာ အမြဲတမ်း ငါရဲ့ပျော်ရွှင်ခြင်းပေါ့ကွယ်...
(၆) အရင်က နင်နဲ့ငါမသိခဲ့လို့ "အချစ်"နဲ့ ငါလမ်းလွဲခဲ့ရတယ်။ ခုတော့ ငါ့ဘဝထဲ မင်းအပိုင်စီးဝင်လာခဲ့ပြီ။ အထီးကျန်ခဲ့ဖူးတဲ့ ငါ့နေ့ရက်နဲ့ ပျော်ရွှင်ခြင်းတွေ ပြည့်နေမယ့် ငါ့အနာဂတ်ကို မင်းတာဝန်ယူပေးပါ။
(၇) ထာဝရထက် မင်းကိုငါ တစ်ရက်ပိုချစ်တယ်။ ဘယ်အချိန်ပဲဖြစ်ဖြစ် နင့်ကိုငါ လွမ်းတယ်။ နင့်ဘေးမှာ ငါမရှိပေမယ့် ငါ့အလွမ်းထဲမှာ နင်အမြဲရှိတယ်။ ငါ့နှလုံးသားထဲမှာ နင်နေရာအပြည့်ယူထားတယ်။
(၈) ငါ့ဘဝထဲ မင်းရောက်မလာခင် ငါဟာနေ့ည မခွဲခြားတဲ့ တေလေငှက်တစ်ကောင်လို့ လူ့ပင်လယ်ထဲမှာ လမ်းပျောက်နေခဲ့တယ်။ မင်းဟာငါရဲ့ ဓူဝံကြယ်ပါ။ မင်းနှလုံးသားမှာ ခိုလှုံနိုင်ဖို့ ငါ့ကိုအလင်းပေး လမ်းညွှန်ခဲ့တယ်။
(၉) ငါတို့က တောင်ပံတစ်ဖက်စီသာ ရှိကြတဲ့ အိန်ဂျယ်တွေပါ။ နှစ်ယောက်ပွေ့ဖက်ပေါင်းစပ်မှ ပျံသန်းနိုင်မှာဖြစ်တယ်။ နင် ငါရဲ့တောင်ပံတစ်ဖက် လုပ်နိုင်မလား?
(၁ဝ) တစ်နေ့မှာ ပျော်ရွှင်ခြင်းက ဘယ်မှာလဲလို့ နင်မေးလာခဲ့ရင် ပျော်ရွှင်ခြင်းက လေထဲမှာလို့ နင့်ကိုငါ တိုးတိုးလေးပြောပြမယ်။ နင်ရှုရှိုက်လိုက်တဲ့ လေတိုင်းမှာ နင့်ကိုငါပေးမယ့် ပျော်ရွှင်ခြင်းတွေ ပါဝင်နေခဲ့တယ်။
အင်တာနက်ပေါ်က "အချစ်"
တကယ်လို့အချစ်မှာ အကြောင်းပြချက်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ရည်ရွယ်ချက်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ဖြေရှင်းခွင့်ရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
တကယ်လို့အချစ်မှာ ဆင်ခြေတွေရှိပြီဆိုရင် ဒါအချစ်မဟုတ်တော့ဘူး။
အချစ်က ဒဿနတွေနဲ့ မကိုက်ညီဘူး။ ဒါကပဲ အချစ်ရဲ့ဒဿနဖြစ်မယ်ထင်ပါတယ်။
ကိုယ့်ချစ်သူက လူအများသတ်မှတ်ထားတဲ့ ပြီးပြည့်စုံသူ၊ ကိုယ်နဲ့ထိုက်တန်သူ၊ ကိုယ့်အတွက် မှန်ကန်သူ ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ဒါပေမယ့် သူဟာကိုယ့်အတွက် အရာအားလုံးကို မေ့ထားစေနိုင်တဲ့သူ၊ ကိုယ်မချစ်ဘဲ မနေနိုင်စေတဲ့သူဖြစ်တယ်။
အချစ်ခံရလို့ အချစ်ကို အချစ်လို့ခေါ်တာမဟုတ်ဘူး။ ချစ်နေတာကိုက အချစ်ဖြစ်တယ်။
အချစ်မခံရလို့ ကိုယ့်အချစ်တွေ မဆုံးရှုံးသွားနိုင်ဘူး။ အချစ်ကချစ်သူရဲ့ နှလုံးအိမ်ထဲမှာရှိတယ်။ အချစ်ခံသူရဲ့ အကြည့်ထဲမှာရှိတာမဟုတ်ဘူး။
အချစ်က နှလုံးသားထဲမှာပဲရှိတယ်။ နုတ်ခမ်းဖျားမှာရှိတာမဟုတ်ဘူး။
မချစ်လို့ ထုတ်မပြောတာမဟုတ်ဘူး။ ချစ်လွန်းလို့ ထုတ်မပြောတာ။
ချစ်လွန်းလို့ ခံစားရမှာစိုးခဲ့တယ်။ ချစ်လွန်းလို့ ကိုယ်တိုင်ပဲခံစားခဲ့တယ်။
ချစ်လွန်းလို့ အချစ်ကို အလွယ်တကူ ဆုံးရှုံးရတတ်တယ်။
အချစ်က ကြောင်တောင်ကန်းပါ။
ချစ်နေချိန်မှာ တစ်ဘက်သားရဲ့ အားနည်းချက်ကို မမြင်တတ်ကြဘူး။ အားသာချက်ကိုပဲမြင်ပြီး အားသာချက်ဟာ အားသာချက်၊ အားနည်းချက်ဟာလည်း အားသာချက်ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် လမ်းခွဲချိန်မှာတော့ အမှားဟာ အမှားပဲ၊ အမှန်ဟာလည်း အမှားဖြစ်ကုန်ကြတယ်။
အချစ်က မျက်ရည်ရဲ့စစ်သုံ့ပန်းအဖြစ်မခံဘူး။ ရင်ခုန်ခြင်း၊ သနားကြင်နာခြင်းရဲ့ စစ်သုံ့ပန်းအဖြစ်သာ ခံလိမ့်မယ်။
သဝန်တိုခြင်းက အချစ်ကို သိသာထင်ရှားစေတဲ့အရာ မဟုတ်ဘူး။
အချစ်ရဲ့အရင်းခံက အချင်းချင်းယုံကြည်တာပဲဖြစ်တယ်။
သဝန်တိုခြင်းမှာ သံသယနဲ့ မယုံကြည်တာတွေပါတယ်။
အချစ်မှာ ဘယ်တော့မှမျှတမှုမရှိဘူး။ အချစ်မှာ မျှတမှုတွေရှိလာခဲ့ရင် အဲဒါအချစ်မဟုတ်တော့ဘူး။ ချစ်သူအတွက် အရာရာကို ကိုယ်ပေးဆပ်နိုင်တယ်။ ဒါပေမယ့် ကိုယ့်အတွက်ပေးဆပ်ဖို့ အချစ်ကို မတောင်းဆိုသင့်ဘူး။ ချစ်သူကို ကိုယ်မစွန့်ခွါလို့ရတယ်။ ဒါပေမယ့် ကိုယ့်ကိုချစ်သူစွန့်သွားတဲ့အခါ အချစ်ကို ရက်စက်တယ်လို့ အပြစ်မဆိုသင့်ဘူး။
အချစ်ကို အဓ္ဓမလုပ်ယူလို့မရသလို ပိုင်စိုးပိုင်နင်းလည်း လုပ်လို့မရဘူး။ အချစ်က နူးညံ့သိမ်မွေ့လွန်းတယ်။ အချစ်ကို လိုချင်ရင် သူ့ကိုလွတ်လပ်မှုအရင်ပေးပါ။ ကိုယ့်ဆီသူပြန်လာရင် ဒါကိုယ့်ရဲ့အချစ်ဖြစ်တယ်။ တကယ်လို့ ပြန်မလာခဲ့ရင် သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
ကိုယ်အလျှင်စလို ဖြတ်သန်းခဲ့တဲ့ရှုခင်းက အလှဆုံးဖြစ်တယ်။
ကိုယ့်ကိုနက်နက်ရှိုင်းရှိုင်း နာကျင်စေခဲ့တဲ့အချစ်က အချစ်ဆုံးဖြစ်တယ်။
နှလုံးသားရဲ့ အနာတရအတွက် ကိုယ်တို့မှာ ခံနိုင်ရည်ရှိတယ်။
ကြေမွဆုတ်ပြတ်သွားတဲ့အချစ်ကို ကိုယ်တို့လက်ခံနိုင်တယ်။
ဒါပေမယ့် ချစ်ခဲ့ဖူးတဲ့အတိတ်ကိုမေ့ဖို့ အတိတ်မေ့ဆေးကို ကိုယ်တို့မသောက်ချင်ခဲ့ကြဘူး။
အပြစ်ရှာ၊ ငြင်းခုန်တာတွေက အချစ်ကို တာရှည်ခံစေတဲ့အရာမဟုတ်ဘူး။
တစ်ခါတလေမှာ ဆိတ်ဆိတ်နေ၊ သည်းခံတာတွေက အချစ်ရဲ့ရုပ်ပုံမဟုတ်ဘူးဆိုပေမယ့် ဒါတွေက အချစ်ကို ထာဝစဉ်တည်မြဲစေတဲ့အရာဖြစ်တယ်။
အချစ်က အချစ်နဲ့အချစ်ရဲ့ ဆက်ဆံရေးဖြစ်တယ်။ ခံစားချက်ရဲ့ ပဲ့တင်ဖြစ်တယ်။
အချစ်က ရုပ်အဆင်းအင်္ဂါတွေ မတောင်းဆိုဘူး။ နှလုံးသားချင်းထပ်တဲ့ ကြင်နာဖော်ဖြစ်ဖို့ပဲ တောင်းဆိုတယ်။
အချစ်က မကျေနပ်တာတွေကို သည်းခံနိုင်တယ်။ အမုန်းကို လက်ခံနိုင်တယ်။
အချစ်မှာ အကြောင်းတရားမလိုဘူး။ အချစ်မှာ စည်းမျဉ်းမရှိဘူး။
အချစ်က အမှားအမှန် မခွဲခြားဘူး။
အချစ်က အရောင်လုံးဝမပယ်ဘူး။
အချစ်ကို အချစ်နဲ့ ချစ်တတ်ဖို့ပဲလိုခဲ့တယ်။
အင်တာနက်ပေါ်က ဖတ်ရတဲ့ "အချစ်"တွေကို ဘာသာပြန်ခံစားကြည့်ပါတယ်။
Monday, April 5, 2010
ပိုချစ်ခွင့်...

အလှဆုံးပန်းလေးတစ်ပွင့်ကို
ငါ မခူးရရင်နေပါစေ....
ခပ်နွမ်းနွမ်းပန်းတစ်ပွင့်ကိုသာ.....
ငါ အလိုရှိသည်............။
.ဓူဝံကြယ်လို မတောက်ပရင်နေပါစေ
မှုန်ပြပြ အလင်းတစ်ခုကိုသာ....
ငါ မြတ်နိုးသည်.............။
.အချစ်မိုးတွေ...ဝေါကနဲ...
ရွာမချရင် နေပါစေ
တစ်ပြောက်..နှစ်ပြောက်သာ ကျတတ်တဲ့
မေတ္တာမိုးပြေးကိုသာ....
ငါ တမ်းတမိသည်...................။
.မင်းနဲ့ ငါ မဆုံဆည်းရရင်နေပါစေ
တွေ့ရတဲ့ အချိန်တိုလေးကိုသာ....
ငါ ကြည်နူးမိသည်.....။
တမ်းတသူ....ငါ ကတော့.....
နေမြင့်လေ....အရူးရင့်လေမို့....
မင်း....
ငါ့ကို....
ခပ်ပြင်းပြင်းအချစ်တွေ မပေးနိုင်ရင်တောင်.....
ဒီနေ့က...“စ”ပြီး......
ကျမ...ရှင့်ကို....
ပိုချစ်ခွင့်ပေးပါ.......သခင်........။
ငါ....နှစ်ကိုယ်ခွဲ

မိုးတွေရွာနေတဲ့ ..တစ်နေ့
ငါ......
နင့်ဆီကိုရောက်လာခဲ့တယ်
အနက်ရှိုင်းဆုံး
နင့်ရဲ့.....
နှလုံးသား တစ်ထောင့်မှာ
ငါ.....
မိုးခိုခဲ့ဖူးတယ်
နင်.....
ညည်းဆိုခဲ့ဖူးတဲ့
သံစဉ်ခပ်ပါးပါးလေးတွေကို
ငါ....
အခုထိ....အမှတ်ရနေဆဲ
နင်....
ရေးဆပ်ခဲ့ဖူးတဲ့
ကဗျာတွေကြားမှာ
ငါ....
နွေးထွေးခဲ့ဖူးတယ်
ဟော........
မိုးဆည်းသွားပြီ
ငါ....
အိမ် ပြန်ရပြီပေါ့
နင့် ရဲ့...
နှလုံးသားအိမ်ထဲက..ထွက်ဖို့
ငါ.....
ဟန်ပြင်လိုက်စဉ်မှာ
ငါ့ရဲ့.....
နှလုံးသားက...တောင်းဆိုခဲ့တယ်
“သူ...နင့်ရင်ထဲမှာ...ကျန်နေခဲ့ပါရစေ”...တဲ့....။
သူ့ကို..ငါ...ခေါင်းညှိမ့်(ငြိမ့်)ပြရင်း
“နှလုံးသားမဲ့သူ..အဖြစ်”
နင့်အနားက
ငါ.....
လှည့်ထွက်လာခဲ့တယ်
နင်....
လိုက်မရှာနဲ့
နင့်...ရင်ထဲမှာ
ငါ...ရှိနေတယ်
တိမ်တွေတောင်
ငါ့ကို...မြင်နေရတယ်....။
အမှတ်မရှိတဲ့...ငါ

ဟိုးရှေ့က........
တိမ်တိုက်တွေ
ငါ့ဆီ ပြေးလာနေကြတယ်
ပြီးတော့.........
ငါ့ကို ပွတ်သတ်ကြည်စယ်ပြီး
မြူမှုံအဖြစ်
ပြောင်းလဲ ကွယ်ပြောက်သွားကြတယ်....။
ဒီတစ်ခါလည်း
မျှော်လင့်ခြင်း အလင်းတန်းတွေ
ငါ့ဆီကို ပြေးလာနေကြပြန်ပြီ
ငါ့ နား အရောက်မှာ......
အလင်းယိုင်ခြင်းတွေနဲ့
ငါနဲ့ ဝေးရာကို
လမ်းလွှဲသွားကြပြန်တယ်......။
အမှတ်မရှိတဲ့ ငါက......
ငါ့ ရဲ့နှလုံးသား တည့်တည့်ဆီကို
ပြေးဝင်လာတဲ့
သံယောဇဉ်တစ်ခုကို
ဆီးကြိုလက်ခံမိပြန်တယ်....။ -
အဲ........
သူလည်းပဲ
ခနကြာတော့
ငါ့ ဆီက စွန့်ခွာလို့သွားပြန်တယ်
ငါ့ မှာတော့ဖြင့်
ဆီးကြိုလို့တောင် မဝသေးဘူး..........။
လျှပ်တစ်ပျက်..ဆုတောင်း

ဗဟုသုတ
Wednesday, September 16, 2009
ဒေါင်းဖြူကိုမြင်သောသူသည်...

People say if you see a White Peacock it will bring you good luck. For those who receive this email it is good luck every year. That's why I am sending the good luck to you – my friends, wishing you good luck and prosperity every year!


