Wednesday, April 28, 2010

လေပြည် မစိမ်းကားပါနဲ့

မချစ်စဖူး
အချစ်ဦးရယ်မို့
ရူးတယ်လို့ဆိုချင်ဆို
နှလုံးသားရဲ့ ဆန္ဒအလိုကြောင့်
မင်းလေးကို အချစ်ပိုခဲ့လို့
မခံစားဖူးတဲ့ ငါ့နှလုံးသား
ရင်ခုန်သံ ခပ်များများနဲ့
မင်းအနားကို ကပ်ခဲ့ပေမယ့်
မင်းအလှက တည်ငြိမ်တော့
ငါ့စိတ်ကရှိန်တာပေါ့..
ဒီတော့..
သီကုံးထားတဲ့ ချစ်စကား
ကို့ယို့ကားယား ထွက်တာမို့
မပြေပြစ်
အခြေအမြစ် မရှိဘူးရယ်လို့
မစိမ်းကားပါနဲ့
စကားအသွား တိမ်းစောင်းပေမယ့်
ရင်မှာအမြဲ ကိန်းအောင်းနေတာ
မင်းတစ်ယောက်တည်းဆိုတာတော့ သေချာတယ်..

No comments:

Post a Comment