Monday, April 5, 2010

လျှပ်တစ်ပျက်..ဆုတောင်း


နှင်းတွေကျနေပြီချစ်သူ...

ပင်လယ်ကမ်းခြေက

ငါတို့ထိုင်နေကျ ခုံတန်းလေးမှာ

အခုတော့..ငါတစ်ယောက်ထဲပေါ့....။

လေထဲမှာ ဝေ့ဝဲပျံသန်းနေတဲ့

ငါ့ရဲ့ဆံနွယ်တွေလည်း

သူတို့ကိုပွတ်သတ်ကျီစယ်မဲ့

သူတို့ရဲ့သခင်ကိုလွမ်းနေကြပြီ....။

နင်နဲ့တွေ့ရင်...

အမြဲတန်း အေးစက်နေတတ်တဲ့

ငါ့ရဲ့လက်ချောင်းကလေးတွေလည်း

သူတို့ကိုနွေးထွေးအောင်လုပ်ပေးတတ်တဲ့

သူတို့ရဲ့သခင်ကိုမျှော်ရင်း

ခိုက်ခိုက်တုန်အောင်ချမ်းနေကြပြီ....။

ကောင်းကင်က သာနေတဲ့ လမင်းကြီးလည်း

ငါ့ကိုငုံ့ကြည့်ရင်း

ငိုမဲ့မဲ့ဖြစ်နေခဲ့ပြီ....။

ငါ...သူတို့ကိုနှစ်သိမ့်ရင်း

ပြည့်လျှံတက်လာတဲ့

ငါ့မျက်ဝန်းထဲက

မျက်ရည်တွေကို အသိမ်းမှာ

ရုတ်တရက် ကြွေကျသွားတဲ့

မျက်ရည်တစ်စက်နဲ့...

ကောင်းကင်ပေါ်က

ငါ..ဆုတောင်းဖို့ ခြွေချလိုက်တဲ့

ကြယ်တစ်စင်းတို့

မမြင်ရတဲ့ဆုံမှတ်တစ်ခုမှာ

ဆုံတွေ့ကြတဲ့အချိန်...

လျှပ်တစ်ပျက်..

ငါ...ဆုတောင်းမိလိုက်တာကတော့

“နင်...ငါ့ဆီကို အမြန်ပြန်လာပါ...”....

No comments:

Post a Comment