Monday, April 5, 2010

နူးညံ့ခြင်းပြိုင်ပွဲ

ချစ်ခဲ့ ဖူးတယ် . . .
ရဲရင့်မှုက အဲဒီလောက်မပြင်းထန်ခဲ့ဘူး
နောက်ဆုံးအချစ်မို့ ထင်တယ်။

ခံစားခဲ့ ဖူးတယ် . . .
နူးညံ့မှုက အဲဒီလောက်မပျော့ညံ့ခဲ့ဘူး
နောက်ဆုံးအချစ်မို့ ထင်တယ်။

ချစ်ခြင်းရယ်ပြိုင်
သူမနိုင် ကိုမနိုင် ခဲ့တဲ့ “နူးညံ့ခြင်းပြိုင်ပွဲ”
အရှုံး အမုန်း မရှိတဲ့  ကမ္ဘာငယ်လေးမှာ
မောင် နဲ့ ကျမ နှလုံးသားတစ်ဝက်စီပဲ့ ကြွေကျ

ချစ်လွန်းလို့ 
ကြွေကျခဲ့ ကြတဲ့ ပုလဲမျက်ရည်တွေ
မီးပင်လယ်ကို အေးမြ
နွေခေါင်ခေါင်မှာ နှင်းစက်တွေတဖွဲဖွဲကျ
ဒီလိုနဲ့  ကြည်ပြာရောင်အချစ်ညမှာ
သူ့  တေးချော့နဲ့ ပျော့ခဲ့ ရတဲ့ 
မနှင်းဆီအပြုံး
မောင်ခြွေခဲ့ သောအပြုံးကို ဖုံးခဲ့ ရပြီ ။

No comments:

Post a Comment