
ဟိုးရှေ့က........
တိမ်တိုက်တွေ
ငါ့ဆီ ပြေးလာနေကြတယ်
ပြီးတော့.........
ငါ့ကို ပွတ်သတ်ကြည်စယ်ပြီး
မြူမှုံအဖြစ်
ပြောင်းလဲ ကွယ်ပြောက်သွားကြတယ်....။
ဒီတစ်ခါလည်း
မျှော်လင့်ခြင်း အလင်းတန်းတွေ
ငါ့ဆီကို ပြေးလာနေကြပြန်ပြီ
ငါ့ နား အရောက်မှာ......
အလင်းယိုင်ခြင်းတွေနဲ့
ငါနဲ့ ဝေးရာကို
လမ်းလွှဲသွားကြပြန်တယ်......။
အမှတ်မရှိတဲ့ ငါက......
ငါ့ ရဲ့နှလုံးသား တည့်တည့်ဆီကို
ပြေးဝင်လာတဲ့
သံယောဇဉ်တစ်ခုကို
ဆီးကြိုလက်ခံမိပြန်တယ်....။ -
အဲ........
သူလည်းပဲ
ခနကြာတော့
ငါ့ ဆီက စွန့်ခွာလို့သွားပြန်တယ်
ငါ့ မှာတော့ဖြင့်
ဆီးကြိုလို့တောင် မဝသေးဘူး..........။
No comments:
Post a Comment