
ငါ့ ကဗျာတွေနဲ့ ဝေးနေတဲ့ခဏမှာ
နင် ငါ့ကို သတိရပေးပါ
ငါ နင့် ကိုလွမ်းနေမှာမို့ပါ ...။
ငါ့ကဗျာရင်ထဲက
အလွမ်းကြယ်တွေကြွေတဲ့အခါ
နင်ကောက်ယူသိမ်းဆည်းထားပေးပါ
ငါ နင့်ကိုသတိရတာသိစေချင်လို့ ပါ ...။
ငါ့ ကဗျာနှုတ်ခမ်းက
အနမ်းပြာပြာပန်းပွင့်တွေဝေတဲ့အခါ
နင်လက်ခံထိန်းသိမ်းပေးပါ
ငါ့အနမ်းတွေ နင့်အတွက်
အမှတ်တရရှိစေချင်လို့ ပါ ...။
ငါ့ဘ၀ဟာနင် . . .နင့်ဘ၀ဟာ ငါ
ငါ့ကမ္ဘာဟာနင် . . . နင့်ကမ္ဘာဟာငါ
ငါ့အနာဂါတ်ဟာနင် . . . နင့်အနာဂါတ်ဟာငါ
ဒီလိုနဲ့  . . . ဒီလိုနဲ့ ပေါ့
ငါ့ကဗျာဟာနင် . . . နင့်ကဗျာဟာငါ ဖြစ်လာတယ် ...။
နင့်ကဗျာတွေထဲ ငါအိပ်စက်တဲ့အခါ
နင် ငါ့ကိုထွေးပွေ့ထားပေးပါ
နင့်ဆီကနွေးထွေးခြင်းကို
ငါထာဝရတမ်းတနေလို့ ပါ ...။
နင့်ကဗျာတွေထဲမှာ ငါအိပ်မက်မက်တဲ့အခါ
နင့်အိပ်မက်ထဲမှာ ငါ့ကိုယုယစွာကြင်နာပေးပါ
နင်ပေးတဲ့မေတ္တာဟာ ငါ့အိုအေစစ်လေးဖြစ်နေလို့ ပါ ...။
နင့်ကဗျာတွေထဲက ငါနိုးထတဲ့အခါ
နင့်အဆုံးမရှိအနမ်းတွေနဲ့  ငါ့ကိုခမ်းနားစွာကြိုပါ
“ငါ့ကဗျာ”တွေဘ၀ဆက်တိုင်း
“နင့်ကဗျာ ”တွေနဲ့ ဘဲအသက်ရှင်ချင်လို့ ပါ ...။
နင် ငါ့ကို သတိရပေးပါ
ငါ နင့် ကိုလွမ်းနေမှာမို့ပါ ...။
ငါ့ကဗျာရင်ထဲက
အလွမ်းကြယ်တွေကြွေတဲ့အခါ
နင်ကောက်ယူသိမ်းဆည်းထားပေးပါ
ငါ နင့်ကိုသတိရတာသိစေချင်လို့ ပါ ...။
ငါ့ ကဗျာနှုတ်ခမ်းက
အနမ်းပြာပြာပန်းပွင့်တွေဝေတဲ့အခါ
နင်လက်ခံထိန်းသိမ်းပေးပါ
ငါ့အနမ်းတွေ နင့်အတွက်
အမှတ်တရရှိစေချင်လို့ ပါ ...။
ငါ့ဘ၀ဟာနင် . . .နင့်ဘ၀ဟာ ငါ
ငါ့ကမ္ဘာဟာနင် . . . နင့်ကမ္ဘာဟာငါ
ငါ့အနာဂါတ်ဟာနင် . . . နင့်အနာဂါတ်ဟာငါ
ဒီလိုနဲ့  . . . ဒီလိုနဲ့ ပေါ့
ငါ့ကဗျာဟာနင် . . . နင့်ကဗျာဟာငါ ဖြစ်လာတယ် ...။
နင့်ကဗျာတွေထဲ ငါအိပ်စက်တဲ့အခါ
နင် ငါ့ကိုထွေးပွေ့ထားပေးပါ
နင့်ဆီကနွေးထွေးခြင်းကို
ငါထာဝရတမ်းတနေလို့ ပါ ...။
နင့်ကဗျာတွေထဲမှာ ငါအိပ်မက်မက်တဲ့အခါ
နင့်အိပ်မက်ထဲမှာ ငါ့ကိုယုယစွာကြင်နာပေးပါ
နင်ပေးတဲ့မေတ္တာဟာ ငါ့အိုအေစစ်လေးဖြစ်နေလို့ ပါ ...။
နင့်ကဗျာတွေထဲက ငါနိုးထတဲ့အခါ
နင့်အဆုံးမရှိအနမ်းတွေနဲ့  ငါ့ကိုခမ်းနားစွာကြိုပါ
“ငါ့ကဗျာ”တွေဘ၀ဆက်တိုင်း
“နင့်ကဗျာ ”တွေနဲ့ ဘဲအသက်ရှင်ချင်လို့ ပါ ...။
No comments:
Post a Comment