မင်းအတွက်
ကြယ်တွေကို
ခူးမပေးနိုင်ခဲ့ပေမယ့်
ထီးကလေးမိုးပေးခဲ့ဖူးတယ်
နင့်ခေါင်းမှာပန်းတွေဝေနေအောင်
ပန်မပေးနိုင်ပေမယ့်
နင့် ဆံပင် ဖြောင့်တော့
ငါလိုက်ပို့ပေးခဲ့တယ်
နင့်အတွက်
စနေဒေါင့်မှာပန်းမလှူဖူးပေမယ့်
ညအိပ်ယာဝင်တိုင်း
မင်းအတွက်ဆုတောင်းခဲ့တယ်
မင်းကရော ငါ့အတွက်
ဘယ်နှခါပြုံးပြဖူးသလဲ
No comments:
Post a Comment