Monday, April 5, 2010

ကျွန်မအတွက်ကတော့.....


လူတွေပြောနေကြတဲ့.....
အချစ်ဆိုတာ..........“ရယူခြင်း”...တဲ့
အချစ်ဆိုတာ..........“ပေးဆပ်ခြင်း”...တဲ့
အချစ်ဆိုတာ..........“ပူဆွေးခြင်း”...တဲ့
အချစ်ဆိုတာ..........“ငိုကြွေးခြင်း”...တဲ့
အချစ်ဆိုတာ..........“ပျော်ရွှင်ခြင်း”...တဲ့
အချစ်ဆိုတာ..........“စွန့်လွှတ်အနစ်နာခံခြင်း”...တဲ့
သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေပေါ်မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုးသတ်မှတ်ကြတယ်...ကျွန်မအတွက်ကတော့ အချစ်ဆိုတာ...“မျှဝေခံစားခြင်း”ပါ။ ဟုတ်တယ်လေ...အချစ်ဆိုတာ “မှန်လေးတစ်ချပ်”လိုပါပဲမတူညီတဲ့ ဘဝနှစ်ခုကို တူညီအောင် ညှိယူရမယ်...၊ခံစားချက်လေးတွေကို..နှစ်ယောက်အတူ မျှဝေခံစားကြမယ်...၊
“သူ”ငိုရင် ကိုယ်လည်းငိုမယ်...၊
“သူ”ရီ(ရယ်)ရင် ကိုယ်လည်းရီ(ရယ်)မယ်..၊
“သူ”ပျော်ရင် ကိုယ်လည်းပျော်တယ်...၊
သူ့ကို ကိုယ်ပေးလိုက်သလောက်...သူ့ဆီကလည်း အဲဒီပမာဏအတိုင်း...ကိုယ်ပြန်လိုချင်တယ်...ကျွန်မကတော့.မျှတတဲ့အချစ်ပဲဖြစ်ချင်ပါတယ်...၊

သူနှင့်ကျွန်မ=မျှဝေခံစားခြင်း
အချစ်=မျှဝေခံစားခြင်း

No comments:

Post a Comment