Wednesday, April 28, 2010

သစ်ပင်ပေါ်မှ စားသောက်ဆိုင်..japan


ဒီစားသောက်ဆိုင်လေးဟာ ဂျပန်နိုင်ငံမှာတည်ရှိပါတယ် ။
ထူးဆန်းပြီး လှပတဲ့ စားသောက်ဆိုင်လေးအဖြစ် တစ်ကမ္ဘာ လုံးက
အသိအမှတ်ပြုထားပါတယ် ။ သစ်ပင် အပေါ်မှာ တည်ဆောက်ထားတဲ့အတွက်
စားသုံးသူ တွေကို တစ်မျိုး တစ်ဖုံ ဆွဲဆောင်နေပြန်ပါတယ် ။
ဒီစားသောက်ဆိုင်လေးဟာ ဟိုင်းဝေး ၅၈ Onoyama ပန်းခြံမှာ တည်ရှိပါတယ် ။
နာမည်ကတော့ Okinawa Tree-House Restaurant ပဲဖြစ်ပါတယ် ။
ဂျပန်မှာနေတဲ့ .........山崎 雄 介............ပြောတာကတော့ အိုကီနာဝါရဲ့ Naha City, 58TH Hiway Road,US Military Base နဲ့ မျက်နှာချင်းဆိုင်မှာရှိပါတယ် .. လေဆိပ်ကနေ သိပ်မဝေးတဲ့အတွက် သွားရတာ
အဆင်ပြေမှာပါ .. နောက်ပြီး US Base ရဲ့ တဖက်မှာတော့ ပင်လယ်ပါ .. ဒါကြောင့်
မိတ်ဆွေတွေနဲ့ဖြစ်ဖြစ် ချစ်သူနဲ့ဖြစ်ဖြစ် ညနေ စောင်းလေး မှာ ထိုင်ရင်
အဆင်ပြေသင့်တော်မှာပါ .. သြော် စနေ တနင်္ဂနွေဆိုရင်တော့ Reservation System
ဖြစ်တာများတယ်နော် .. သစ်ပင်ကတော့ ကွန်ကရစ်နဲ့ ဆောက်ထားတာပါ .. အစစ်တော့
မဟုတ်ပါဘူး .. ဗိသုကာမြောက်ပါတယ် .. သွားချင်တဲ့သူငယ်ချင်းများအတွက်
လမ်းညွှန်ပေးတာပါး))...တဲ့ ...

No comments:

Post a Comment